..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Sunday, February 27, 2011

Uniblue PowerSuite 2011 3.0.1.3



ဒီကောင်လေးကို အရင်က သုံးဘူးတယ်ဗျ ကြိုက်တယ်  Full Version မရလို့သာ မသုံးဖြစ်ခဲ့တာ မေ့မေ့ပျောက်ပျောက် နဲ့ ပြန်မရှာဖြစ်ခဲ့ဘူး.....။
မနေ့က သူငယ်ချင်းတစ်ယောက် လှမ်းမေးလာတာနဲ့ ပြန်ရှာဖြစ်တာ ဒီကောင်က Uniblue မှ Uniblue ဖြစ်နေလို့ ရှာလိုက်တော့ ရပါတယ် serial နဲ့ပါပဲ....။
အဲဒါနဲ့ ပြန်တင်သုံးဖြစ်တယ် အရင်ထွက်ခဲ့တဲ့ Version တွေထက် ပိုမြန်လာတယ်ဗျ သုံးရတာ..။
Uniblue က တစ်ခြား PC care တွေနဲ့ မတူတဲ့ အားသာချက်ကတော့ အရမ်းကို ရိုးရှင်းတဲ့ အသုံးပြုပုံစံလေးကြောင့်ပါပဲ....။
သုံးဖူးသူတွေတော့ များကြမယ်လို့ထင်ပါတယ် မသိသေးသူတွေ အတွက်တော့ နည်းနည်းရှည်လိုက်ဦးမယ်...း)
Registry ကိုပြင်ပေးပါတယ် ကွန်ပျုတာရဲ့ လုပ်ဆောင်ချက်တွေ မြန်ဆန်လာအောင် Speed up လုပ်ပေးပါတယ် ကွန်ပျုတာမှာ လိုအပ်နေတဲ့ Driver တွေကို Driver scan ဖတ်ပြီးတာနဲ့ အလွယ်တကူ Download  လုပ်ယူနိုင်ပါတယ်....။
ကွန်ပျုတာတွေမှာ ရှိသင့်တဲ့ Software တစ်ခုအဖြစ် Uniblue ကို ထောက်ခံပေးလိုက်ပါရစေဗျား....

ဒီနေရာလေးမှာ သွားပြီ ယူလိုက်ကြဗျာ ...


Babylon 9.0.4



အသစ်လေးတွေ့လို့ တင်ပေးလိုက်တာပါ Serial နဲပါပဲ ဒါပေမယ့် recommend လုပ်ထားတာကတော့ 
patch ကို Install လုပ်ထားတဲ့ Folder ထဲကို Copy လုပ်ပြီး run ပေးလိုက်မှ Full Version ဖြစ်မှာပါ Serial ကတော့ သိပ်ပြီးစိတ်မချရပါဘူး.......း)
စုစုပေါင်း 1.3 MB ရှိပါတယ်  ဒီနေရာလေးမှာသွားယူလိုက်ပါ.......။

Internet connection ကိုပိတ်ထားပါ...။
 Download ယူပြီးရလာတဲ့ ဖိုင်ကိုဖြည်လိုက်ပါ Babylon 9.0.4 ကို Install ပြီးရင် ပြန်ပိတ်ထားပါ System Tray ထဲမှာလည်း ကြည့်ပါ Babylon ရဲ့ icon လေးရှိနေမယ်ဆိုရင် Right Click ပြီး Exit ပေးလိုက်ပါ ပြီးမှ patch ကို Right click ====> copy ပြီး ====>Local Disk C:/===>Program File ====> Babylon 9.0.4 ရဲ့ Folder ထဲမှာpaste လုပ်ပြီး====>  Patch ကို Run လိုက်ပါ Full Version ရသွားပါလိမ့်မယ်...။

အားလုံး အဆင်ပြေကြပါစေဗျာ

Saturday, February 26, 2011

Video File တွေကို CD/DVD Create လုပ်ဘို့

CyberPowerDiscCreator ကိုသုံးပြီး ကျွန်တော်တို့ Video တွေကို CD/DVD  Create လုပ်ကြည့်ချင်ကြသူတွေအတွက်ပါ...။
ကျွန်တော်လည်း Blog မှာပဲရေးတော့မယ်လို့ ဆုံးဖြတ်ပြီးမှ ဒါပထမဆုံးရေးတဲ့ Blog ဆိုတော့ ကိုယ့်ကိုကိုယ် သိပ်တော့ အားမရဖြစ်မိတယ် ....။
ရေးဘို့တွေကရှိတယ် ရေးချင်စိတ်မရှိပဲဖြစ်နေတယ် ပြီးခဲ့တဲ့ရက်တွေက အလုပ်ကလည်း ရှုပ်နေတာဆိုတော့ တော်တော်ကြာကြာ အဆက်ပြတ်သွားရက စလို့ စာရေးဘို့ အပျင်းထူးလာတာပဲဗျို့.........။
စကားလည်း ရှည်မနေချင်တော့ဘူးဗျာ CyberPowerDiscCreator အကြောင်း ပြန်ဆက်မယ်...
ဒီကောင်လေးက CD/DVD Create လုပ်ပေးနိုင်တဲ့ Video  Format တွေကတော့  AVI, MPG, MPEG, MP4, WMV, MOV, MP4, DAT, and HD videos such as M2TS, TP, TRP, တို့ပဲ ဖြစ်ကြပါတယ်...။
Video File တွေကို CD သို့ DVD ထဲကို Burn ပြီး player နဲ့ကြည့်နိုင်ဘို့ ဒီနေရာလေးမှာ သွားပြီး Download လုပ်ယူပါ Serial ပါပြီးသားဖြစ်ပါတယ် ဖိုင်ကလည်း 2.50 MB ပဲရှိတာပါ...။
Install လုပ်လိုက်ပြီး Run လိုက်တာနဲ့ အောက်က အဆင်တွေအတိုင်း လုပ်သွားလိုက်ပါ...။
DVD သို့ CD အလွတ်တစ်ချပ်ကို Drive ထဲထည့်ပေးလိုက်ပါ.....

      
                                 ဒီအဆင့်မှာတော့ VCD/DVD Video ကိုကလစ်ပေးပါ...

                      ဒီအဆင့်မှာတော့ မိမိ burn လုပ်မည့် Drive ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ် ပြီးရင်တော့ Next ကိုကလစ်ပေးပါ ...။


                      ဒီအဆင့်မှာတော့ Video CD ကတော့ CD Create အတွက်ဖြစ်ပြီး DVD Video ကတော့  DVD Create အတွက်ပါ ရွေးပြီးသွားရင်တော့ Next ပေါ့ဗျာ... ။



       မိမိ Create လုပ်လိုတဲ့ Video File ကိုရွေးပေးရပါမယ် ပြီးရင်တော့ Next ကလစ်ပေါ့ဗျာ...


ဒီအဆင့် Burning Mode မှာတော့ Track at once ပေးပြီး Speed မှာတော့ 10.0x လောက်ပဲထားပေးလိုက်ပါ ပြီးရင်တော့ Next ကိုကလစ်ပေးပြီး စောင့်ပေးလိုက်ရုံပါပဲ Burn နေပါလိမ့်မယ်...။

အားလုံး အဆင်ပြေကြပါစေဗျာ...



Friday, February 25, 2011

Photodex ProShow နဲ့ အပီအပြင် slideshow လုပ်ကြမယ်.....

slideshow လုပ်ချင်တဲ့သူတွေအတွက်ပေါ့ဗျာ Effect လန်းလန်းလေးတွေနဲ့ ပေါးပေါးလုပ်ဆောင်ပေးမည့်Photodex ProShow Producer 4.5.2929 တဲ့ခင်ဗျာ....
slideshow တဲ့နေရာမှာ အရမ်းလွယ်သလို မြန်လည်းမြန်တယ်ဗျ ဒီကောင်က အရမ်းပေါ့တာ....
ပထမဆုံး ဒီမှာ သွားပြီး Download လုပ်ယူလိုက်ပါ....
Full Version ဖြစ်ဘို့ ဘယ်လိုလုပ်ရမလဲဆိုတာလေးလဲ ရှင်းပြပေးပါဦးမယ် အသေချာလေးကြည့်ပြီးလိုက်လုပ်လိုက်ပါဗျာ ....
စောစောက Download လုပ်ပြီးရလာတဲ့ ဖိုင်ကိုဖြည်လိုက်ပါ တွေ့ရပါမယ် Run လိုက်ပါ ....
အောက်မှာပြထားတဲ့အတိုင်းသာ လုပ်သွားလိုက်ဗျာ အရမ်းလွယ်ပါတယ်...
I Agre ပြီးရင် Install လုပ်သွားပါလိမ့်မယ်....
အောက်မှာဆက်ကြည့်......
Install ပြီးတာနဲ့ download လုပ်ပြီးရလာတဲ့ file ထဲမှာ ပုံထဲကပြထားတဲ့အတိုင်း patch.exe ဆိုတာရှိပါတယ် run လိုက်ပါ...
တွေ့ရတဲ့အတိုင်း patch ကိုကလစ်လိုက်ပါ....
ဒီပုံအတိုင်းတွေ့ရရင်တော့ Quit ကလစ်ပေါ့ဗျာ Full Version ဖြစ်သွားပါပြီ အသေချာလေးလုပ်လိုက်နော် ပြီးတော့မှ မရဘူးလို့ လာမအော်နဲ့........း)း)
အောက်မှာစပြီ slide show ဘယ်လိုလုပ်မလဲ........
Photodex ProShow Producer ကို run ပြီးတွေ့ရတဲ့အတိုင်း create ကလစ်.......
ဒီပုံထဲကအတိုင်း Add ကလစ်......
ကိုယ်လိုချင်တဲ့ပုံတွေကို ရွေးပြီး open ပေါ့ဗျာ....
ဒါကတော့ text ထည့်ဘို့ပေါ့ဗျာ ဘယ်ပုံရဲ့နောက်မှာထည့်မလဲ အဲဒီပုံကိုကလစ် ပြီးရင် Add text .....
ဒီမှာတော့ ထည့်ချင်တဲ့စာသားလေးရိုက်ထည့်ပြီးရင် Next ပေါ့...
ဒီမှာတော့ သီချင်းထည့်ဘို့ပေါ့ဗျာ Add ကလစ်ပါ...
သီချင်းဝင်လာရင်တော့ Next ကလစ်ပေါ့......
Effects မှာတော့ ကြိုက်ရာရွေးပေါ့ ကောင်မလေးအတွက်လုပ်ပေးမှာဆိုရင်တော့ Love and Hearts ပေါ့ဗျာ.....း)း)
(1) ပေးချင်တဲ့နာမည်လေးပေးပေါ့...
(2) ကြိုက်တာပေးလိုက်ဗျာ .......
(3) create ကလစ်ပါ.........
play ကြည့် စိတ်ကြိုက်ဖြစ်ရင် Next ပေါ့ မဟုတ်ရင်တော့ Back ပေါ့ဗျာ....
Done ကိုကလစ်......
ဒီမှာတော့ create Output ကလစ်ပေးပါ....
Vedio file အနေနဲ့ သိမ်းမယ်.......
create ကိုကလစ်ပြီး save ပေးလိုက်ပါ...။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်....။
မပြေရင်လည်း Comment ကနေ အော်သွားပေါ့.....း)း)

Thursday, February 24, 2011

'''' အတ္တ ခါး''''

အဖြစ်ပျက်တွေက
မနေ့တစ်နေ့ကလို
နွေးနွေးလေး ခံစားမိဆဲ
နာကြင်ဆဲ နောင်တတွေနဲ့
ရင်ခုန်ဆဲပဲ....

ဒီည....
လှပပျုငှာတဲ့ အပြုံးနဲ့ မင်းမျက်နာလေး
တစက္ကန့်လောက် တွေ့ခွင့်ပေးပါ
နှလုံးသားက အော်ဟစ်
အသဲက ငိုကြွေး
စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလေးပဲ ဖြစ်ဖြစ်
တွေ့ခွင့်ပေးပါ....

တဆတ်ဆတ် ရင်ခုန်သံတွေနဲ့
ဒီတစ်ကြိမ်ဒူးထောက်ရင်း
ကြယ်တွေကိုမော့ ကြည့်
ငါ ဆုတောင်းမိတယ်
နွေးထွေးတဲ့ လက်တစ်စုံနဲ့
မင်း လာလို့ ထွေးဖက်ပါစေ...

ခံစားရတာတွေက
ရင်နဲ့ မဆန့်
အချစ်တွေက မွန်းကြပ်
အသဲအိမ်ထဲက ဖောက်ထွက်...
နှိုင်းယှဉ်ပြစရာမဲ့...
အစွန်းရောက် အတ္တတွေနဲ့
နင့်ကို ချစ်မိခဲ့......


ဖြူလျတဲ့အဆင်းနဲ့ နတ်သမီးအလား
ကြည်မြတဲ့ မျက်ဝန်းနဲ့ကြည့်လို့
ငါ့ဘဝနဲ့ လက်ကိုတွဲရင်း
မြတ်နိုးခြင်း အနမ်းတွေချွေမိတော့ ....
အချစ်ပန်းတွေ ဝေဆာဖူးတဲ့
ဒီအခန်းလေးထဲ....
ခုတော့အရာအားလုံးက မွဲခြောက်လို့
ငါ့ အသဲလည်း အရူးမီးစွဲခဲ့...

တသသ လွမ်းဆွတ်ရင်း တမ်းတနေမိ
ငါ့အတ္တကြောင့် ခါးခဲ့
မင်း အချစ်တွေကြောင့်
ချိုမြိန်ခဲ့တဲ့ရက်တွေ
တိုတောင်းလွန်းပေမယ့်
ခုတော့ ရှည်လျားတဲ့
အတိတ်တွေအဖြစ်နဲ့
ငါ့ ရင်ထဲလည်း အတ္တရဲ့ မီးတို့လောင်ကျွမ်းနေတယ်..

Windows 7 all in one DVD

windows 7 ဆိုတာနဲ့ လှပကြည်လင်တဲ့ အသွင်ပြင်နဲ့ အသုံးပြုတဲ့နေရမှာလည်း ပေါ့ပါးမြန်ဆန်လွန်းတဲ့ Microsoft ရဲ့ နောက်ဆုံးထုပ် OS တွေဆိုတာကိုလူတိုင်း သိပြီးသားဖြစ်မှာပါ...
ဒါပေမယ့် ဈေးကတော့ လန်ပြန်နေတာပဲဗျ....
သိကြတဲ့အတိုင်း Home Basic တစ်ချပ်ကိုတောင် ကျွန်တော်တို့ဆီမှာ RM 400 လောက်ပေးရတယ်ဗျို့....
အခွေ မဝယ်နိုင်လို့ ဆိုင်မှာတင်မယ်ဆိုရင် RM 100 တဲ့ဗျာ.....စိတ်ကိုလေရော....
တလောက Ultimate ကို တင်သုံးဖြစ်တယ်ဗျ အဲဒီကစလို့ ကြိုက်သွားတာ ကြိုက်ဆို Xp တို့ Vista တို့နဲ့ တူမှမတူတာကိုးဗျ...
အနော်တို့ကလည်း OS လန်းတာလေးဆို အရူးအမူး crazy ဖြစ်တော့တာပဲ........
ပြဿနာက ဒီမှာစတာဗျို့ တင်ထားတဲ့ ဗားရှင်းက copy ဆိုတော့ ၂ နာရီတစ်ခါ restart ကျနေတော့တာပေါ့ဗျာ...
ကောင်းခန်းရောက်ရင် ကွန်ပျုတာက restart ကျကျနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးပေါ့....
တစ်ခြား OS တွေကိုလည်း တင်မသုံးချင် ပိုက်ပိုက်ကလည်း မတက်နိုင်တော့ ဟိုသူဆီတောင်းဒီသူဆီတောင်းနဲ့ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ဆီမှာ ဒီအခွေသွားတွေ့တော့ ပျော်လိုက်တာ မပြောပါနဲ့တော့ ရလာတဲ့အခွေကလည်း Windows 7 ရဲ့ ဗားရှင်း ၁၁ ခုလုံးဆိုတော့ ဘာပြောကောင်းမလဲ ဟိုစကားလို မှိုရတဲ့မျက်နှာ မှိုရတဲ့မျက်နှာ ဆိုသလို ထမင်းမေ့ဟင်းမေ့ပါပဲဗျာ....
အဲဒါကြောင့် ကျွန်တော့်လို Windows 7 ချစ်သူများအတွက် ခုလို ရှယ်ပေးလိုက်ရတာပါ...

ဒီအခွေထဲမှာပါတာတွေကတော့....
1. Home basic 64 bit
2. Home premium 64 bit
3. Professional 64 bit
4. Ultimate 64 bit
5. Enterprise 64 bit
6. Starter 32 bit
7. Home basic 32 bit
8. Home premium 32 bit
9. Professional 32 bit
10.Ultimate 32 bit
11. Enterprise 32 bit

ကဲ ကြိုက်တဲ့ တစ်ခုကိုသာ တင်သုံးလိုက်ဗျာ မကြိုက်ရင်ဖြုတ်နောက်တစ်ခုပေါ့ ကြိုက်သလိုသာလုပ်ကြဗျာ Activation အတွက်တော့မပူနဲ့ အားလုံးက Activated Editions တွေဆိုတာ အာမခံပါတယ်...
စုစုပေါင်း 100MB စီခွဲထားတဲ့ file ပေါင်း 39 file ရှိတယ်ဗျာ ဒေါင်းလိုက် ဒေါင်းပြီးရင် file ပြန်ဆက်ဘို့က
hjsplit.exe ဒီကောင်လေးယူလိုက်...

part 1 ကိုဖြေတာနဲ့ ကျန်တဲ့အပိုင်းတွေက အော်တို (သိပြီးသာဖြစ်မှာပါ)ISO file တစ်ခုရလာပါလိမ့်မယ်...
ပြီးရင်တော့ ISO burner တစ်ခုခုနဲ့ burn လိုက်ပေါ့ဗျာ size က 3.73 GB ဆိုတော့ DVD နဲ့ burn လိုက်နော.....

ကျွန်တော် ဒီ ISO ဖိုင်ကို upload လုပ်ချိန်စုစုပေါင်း 36 နာရီလောက်ကြာခဲ့ပါတယ် ကွန်နရှင်မကောင်းတာရော စက်ကမကောင်းတာရော ဆင်မပြေမှုပေါင်းစုံနဲ့ 36 နာရီကြာခဲ့တယ်ဗျာ.....
ဒီ file ကိုဒေါင်းဘို့ Oversea မှာ ရှိတဲ့သူတွေအတွက်အကြောင်းမဟုတ်ပေမယ့် မြန်မာပြည်တွင်းကလူတွေအတွက် စိတ်ပျက်စရာကောင်းလောက်အောင် နှေးလွန်းတဲ့ကွန်နရှင်ကြောင့် ခက်ခဲနိုင်ပါတယ် စိတ်ရှည်မှ ရပါလိမ့်မယ်....
မန်နေဂျာလေး ခံပြီး ဒေါင်းပေါ့...
မြန်မြန်ဒေါင်းလို့ရနိုင်တဲ့နည်းတော့ရှိတယ်ဗျ Ubuntu တင်ပြီးဒေါင်းရင်တော့ ၂ နာရီလောက်နဲ့ အလုပ်ပြတ်နိုင်ပါတယ်...
တစ်ခုတော့ ပြောချင်တယ်ဗျ ဘယ်အရာမဆိုပေါ့ဗျာ ပိုက်ဆံမပေးရလို့ အလကားရတယ်ဆိုတဲ့တိုင်အောင် အားတော့ အနည်းနဲ့အများစိုက်ထုတ်ရတာချည်းပါပဲ....
ဆိုတော့ စိတ်ရှည်ရှည်နဲ့သာ ဒေါင်းဗျို့ အခက်ခဲရှိရင် crooner86@gmail.com ကို မေးလ်ပို့နိုင်ပါတယ်ဗျားး
DVD ကိုတော့ ဒီလင့်ကနေ သွားယူလိုက်ကြဗျာ..

http://www.mediafire.com/?aukbil8v3awmi

မျှဝေချင်တဲ့ ဆန္ဒ တစ်ခုတည်းနဲ့ဒီပို့စ်ကို တင်ခဲ့တာပါ ကျွန်တော်ဟာ ပညာရှင်တစ်ယောက်မဟုတ်ပါခင်ဗျာ....

Ring tone လေးတွေယူကြမလား

ဒီတစ်ခါ phone ring tone လေးတွေနဲ့ massages alerts လေးတွေ ရှယ်ပေးလိုက်တယ်ဗျာ....
လန်းလန်းလေးတွေချည်းပဲ ကျွန်တော်တော့ ကြိုက်တယ်ဗျာ....
သူငယ်ချင်းတို့လည်း ကြိုက်မယ်ထင်ပါတယ် ...music,voice,animal voice လေးတွေ အစုံပါပဲ..
လိုချင်ရင် အောက်မှာယူလိုက်နော်....

http://www.mediafire.com/?orlguxddf80qi3f

ကျွန်တော်ကတော့ ပျင်းနေရင် အဲဒါလေးတွေ လိုက်ကလိနေလိုက်တယ်.....

နောက်တစ်နေရာကနေတင်ထားပါသေးတယ်..
မြန်မာပြည်က Mediafire ကိုပိတ်ထားတာမသိလို့ပါဗျာ.........။

ဒီမှာယူလိုက်ဗျာ

အဆင်ပြေကြပါစေ.......

windows7 အတွက် zawgyi keyboard

သိတဲ့သူတွေအတွက် အကြောင်းမဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ တော်တော်ကိုခေါင်းရှုပ်စရာပါ..
Windows7 64 bit မှာ zawgyi ကို install လုပ်ပြီး Control Panel\Reigon and Language\Keyboards and Languages\ ကနေ zawgyi ကို ပြောင်းပေမယ့် ဘယ်လိုမှ မြန်မာဖောင့်ရိုက်လို့မရပါဘူး....။
တော်တော်လေးကို ခေါင်းရှုပ်ခဲ့ရတယ်ဗျာ....။

ဒီဖောင့် ကိုဒေါင်းပြီး အရင်ဆုံး Install လုပ်လိုက်ဗျာ ပြီးရင်တော ဒီဖိုင် ကိုဒေါင်းလိုက် ဒေါင်းပြီးရင် zip ဖြည်လိုက်ဗျာ အဲဒီထဲမှာပါတဲ့ setup ဆိုတာလေးကို doubel click နဲ့ Install လုပ်လိုက်ပေါ့ဗျာ...။
ကျွန်တော်တို့လို windows7 64bit နဲ့ zawgyi font ရိုက်လို့မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်....
အရင်ကတင်ထားတဲ့ post မှာက ရှင်းသလိုလိုနဲ့ရှုပ်နေလို့ ပြန်ပြင်ရေးထားတယ်ဗျာ

Audio recorder

ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က မေးတယ်ဗျာ သူ့ကောင်မလေးက မေးလ်ကနေ သူ့ကိုပြောချင်တာတွေကို WAV ဆိုတဲ့ ဖိုင်လေးနဲ့ပို့ပေးတယ်တဲ့။
အဲဒီအသံဖိုင်ကို ဘယ်လိုလုပ်လဲလို့သူကမေးပြီး software ရှိရင်ပေးပါဆိုလို့ တစ်လက်စတည်း FF ကသူငယ်ချင်းတွေအတွက်ပါ share ပေးလိုက်ပါတယ်။
Gmail ကို Voicemail ပို့လို့ရတယ်ဆိုပေမယ့် အသံဖိုင်တွေလောက်တော့ နားထောင်လို့မကောင်းပါဘူး သိတဲ့အတိုင်းပဲ တစ်ခါတစ်လေ ဘာပြောလို့ပြောလိုက်မှန်းမသိတာတွေပါရှိတယ်။
ကျွန်တော့်သူငယ်ချင်းကတော့ ဖုန်းမဆက်ပဲ အသံဖိုင်လေးတွေအပြန်အလှန်ပို့ရင် စိုပြေနေကြလေရဲ့။
လိုချင်သူများ အောက်မှာ ဒေါင်းလိုက်ကြဗျာ Key လည်းတစ်ခါတည်းပါတယ် လုပ်လို့ရတဲ့ Audio format တွေကတော့ Mp3၊Wav၊Wmv တို့ပဲဖြစ်ပါတယ် ......အဆင်ပြေကြပါစေ။


ဒီမှာဒေါင်းပါ.........


http://www.mediafire.com/?luh82i22lsn19mp

ကဲ လာပါပြီ video recorder


I screen recorder တဲ့ဗျာ....
တောင်းထားတဲ့ သူငယ်ချင်းရော လိုချင်တဲ့သူတွေရော ယူထားလိုက်ကြဗျာ key တစ်ခါတည်းပါပြီးသား။
ဘာလုပ်တဲ့ software လည်းဆိုတာတော့ ရှင်းမပြတော့ဘူးဆိုတာတောင် နည်းနည်းတော့ ရှင်းရဦးမှာပေါ့ဗျာ (ရှည်တာလေ)။
ကွန်ပျုတာ screen ပေါ်မှာ လုပ်ဆောင်ချက်တွေကို movie လုပ်ပေးတဲ့ဆော့ဝဲလေးပေါ့ဗျာ တော်တော်အသုံးဝင်ပါတယ် ကွန်ပျူတာသုံးနေတဲ့သူတွေတိုင်း ကွန်ပျုတာနဲ့ပက်သက်ပြီး အခက်ခဲဆိုတာ အမြဲရှိတက်ကြပါတယ်။ကျွန်တော်တို့လည်းမကင်းပါဘူး အဲလို အခက်ခဲဖြစ်နေချိန်မှာ ဘယ်ပုံဘယ်နည်းဖြေရှင်းပါဆိုတဲ့ Video file နဲ့ရှင်းပြတာမျိုးလေးရရင် မကောင်းဘူးလားဗျာ အဲလိုပဲ တစ်ခြားသူတွေကိုရော အဲလို video file ပို့ပေးပြီး အဆင်ပြေစေမယ်ဆိုရင်လည်း ကောင်းတာပါပဲ။ အဲလိုဆိုတော့ ဒေါင်းလိုက်ပေါ့ဗျာ အောက်က link မှာ

http://ifile.it/z64fvnm/crooner.vdo.rar

တစ်ခုတော့ကြိုပြောပါရစေဗျာ ကျွန်တော်က ဝါသနာပါလို့ ခုလို shear ပေးနေတာပါ ကျွန်တော်ကိုယ်တိုင်လည်း ပျော်လို့လုပ်နေတာပါ ကျွန်တော်ဟာ လေ့လာနေဆဲသူတစ်ယောက်မျှသာဖြစ်ပါတယ် အရမ်းကိုကျယ်ပြောလှတဲ့ နည်းပညာနယ်ပယ်မှာ ကျွန်တော်မသိသေးတာတွေအများကြီးရှိနေသလို မလုပ်နိုင်တာတွေလည်း ဒုနဲ့ဒေးပါ။ တစ်ခါတစ်လေမှာ ကျွန်တော် post ကိုတင်ထားခဲ့ပေ့မယ့် ပြန်ကြည့်နိုင်ဘို့ကတော့ အချိန်ဟာ အရမ်းကိုနည်းပါးပါတယ် အလုပ်က တစ်ဘက်နဲ့ဆိုတော့ မကြည့်နိုင်တာများပါတယ် အဲဒါကြောင့်မို့ ဒေါင်းလို့အဆင်မပြေတဲ့အချိန်မျိုးတွေမှာ စိတ်ရှည်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
လိုချင်တာတွေ ရှိကြရင်လည်း တောင်းကြပါ ကျွန်တော်ဆီမှာ တော်တော်များများရှိပါတယ် မရှိရင်လည်း ရှာပေးပါ့မယ်.......း)း)

Nokia Series 40 theme

ကျွန်တော့မေးလ်ထဲကို လှမ်းပြီး တောင်းထားတဲ့ သူငယ်ချင်းအတွက်ပါ နာမည်တော့ မသိပါဘူး ယူလိုက်ဗျာ တင်ပေးလိုက်ပါပြီ။
Series 40 Theme တဲ့ Nokia ဖုန်းတွေအတွက်ပါ။
ကျွန်တော်တော့ စမ်းပြီးသွားပြီ လန်းတာမှ ဘာမှမပြောနိုင်လောက်အောင်ကိုလန်းတာ။









လိုချင်တဲ့သူတွေကတော့ အောက်ကလင့်ကို ကလစ်ပါဗျားးးးးးးးး

Av voice changer


အသံပြောင်းတဲ့ဆော့ဖ်ဝဲပါ Version 6.0.10 ကို တင်ပေးထားပါတယ် ။ ဘာလုပ်တဲ့ဆော့ဖ်ဝဲလဲဆိုတာ နည်းနည်းလေးရှင်းပြပါ့မယ်။အသံပြောင်းလို့ရပါတယ် ဥပမာ မိန်းကလေးကယောကျာင်္းလေးလို ယောကျာင်္းလေးက မိန်းကလေးလို တစ်ခြား ကလေးအသံ လူကြီးအသံ အကုန်အကုန်ပြောင်းလို့ရတယ်ဗျာ။
ယောကျာင်္းလေးက မိန်းကလေးအသံနဲ့ Gtalk ကနေ QQ မိန်းကလေးက ယောကျာင်္းလေးလို ချက်လို့ချက်လို့ ရပါကြောင်းပါ။
ဒါပေမယ့် အပျော်သဘောလေးပဲ လုပ်ကြပေါ့ဗျာ ။လိုအပ်တဲ့နေရာမှာ သုံးရင် အရမ်းကိုအသုံးဝင်ပါတယ် တလွဲသုံးလို့ အဆိပ်အတောက် ဖြစ်ရင်တော့ တင်ပေးတဲ့ကျွန်တော်လည်း မကောင်းဘူးပေါ့ဗျာ ချက်တင်းအပြင် တစ်ခြားသုံးလို့ရတာတွေလည်း အများကြီးပါ သုံးရင်းနဲ့သိလာပါလိမ့်မယ်။
ဘယ်လိုသုံးရမလဲလို့တော့ အသေးစိတ်ရှင်းမပြတော့ဘူးနော် ကျွန်တော့်အတွက် ရတဲ့အချိန်လေးတွေမှာ တင်ပေးနေရတာဆိုတော့ သိပ်ပြီးမလွယ်လို့ပါ ရှင်းပြတယ်ဆိုတာကလည်း အေးအေးဆေးဆေးလေးမှ ရှင်းပြလို့ကောင်းတာ အဲဒါကြောင့်ပါ ပြီးတော့ တောင်းထားတဲ့သူတွေအတွက်လည်း နောက်ကျနေမှာ စိုးလို့ပါ။အရမ်း file size ကြီးတဲ့ ဆော့ဖ်ဝဲတွေ တောင်းထားတဲ့သူတွေ ဥပမာ Nero လို ဆော့ဖ်ဝဲတွေ အတွက်တော့ နည်းနည်းလေးကြာမှာဖြစ်ပါတယ် အတက်နိုင်ဆုံး မြန်အောင် ကြိုးစားပေးပါ့မယ်။အခု ကျွန်တော်ကွန်နရှင်က စုတ်နေလို့ဗျ ကြိုးစားပြီး တင်ပေးပါ့မယ်။

အသေးစိတ် Video လေးအောက်ကလင့်မှာ သွားကြည့်

http://www.youtube.com/watch?v=2_DIO2hu_rg


Av voice changer ကတော့ အောက်က လင့်ကနေ သွားယူလိုက်ပါ။

http://ifile.it/l5cznq8/AV%20Voice%20Changer%20Software%20Diamond%2...

အဆင်မပြေသူတွေအတွက်ကတော့ ထုံးစံအတိုင်း ကျွန်တော့်ဆီမေးလ်ပို့ပေါ့ဗျာ crooner86@gmail.com ပါ။

youtube downloader

ကျွန်တော်တင်ပေးလိုက်ပါပြီ ဒူ......ဟူ.......ဟူ............(မောင်းသံပါ)။
youtube downloader ပါ ဟိုတစ်နေ့က comment မှာတွေ့လိုက်လို့ပါ လိုချင်တဲ့သူတွေရှိရင်လည်း ယူလိုက်ကြပေါ့ဗျာ..။သုံးတာကတော့ လွယ်ပါတယ်ဗျာ youtubeget ဆိုပါတော့ ဖွင့်လိုက်မယ် youtube က လိုချင်တဲ့သီချင်း သို့ video ရဲ့စာမျက်နှာကို ဖွင့်လိုက် ပြီးရင် youtubeget ကိုဖွင့်ကြည့်လိုက် video URL ဆိုတဲ့ ဘားမှာ စောစောကဖွင့်ထားတဲ့ youtube က သီချင်း သို့ video ရဲ့ URL ရောက်နေတာကိုတွေ့ရမှာပါ အဲဒီအောက်က covert to ဆိုတဲ့ ဘားမှာတော့ လိုချင်တဲ့ format ဖြစ်တဲ့ mp4,mp3,flv. ကြိုက်တာကိုရွေးပေးလိုက်ပေါ့ဗျာ....။
စာမျက်နှာဖွင့်ပြီး URl မရောက်နေဘူးဆိုရင်လည်း အထက်နားက ADD ဆိုတာလေးကိုကလစ် ပြီးတော့ youtube က စာမျက်နှာမှာရှိတဲ့ URL ကို right click ====> copy ပြီး video URl ဆိုတဲ့ဘားမှာ paste လုပ်လိုက်ပေါ့ဗျာ ပြီးရင်တော့ save to မှာ သိမ်းမည့်နေရာကိုရွေးပေးရပါ့မယ် ဖုန်းဆိုလည်း ဖုန်း စတစ်ဆိုရင်လည်းစတစ်ပေါ့ဗျာ Browse ကိုကလစ်ပြီးရွေးပေးလိုက်ပေါ့။
အဆင်ပြေကြပါစေ..............

ဒါကတော့ YouTubeGet 4.9.9 ပါ...


ဒီအောက်ကလင့်ကနေယူလိုက်ပါ serial ပါတစ်ခါးတည်းပါပြီးသားပါ........



ဒါကတော့ wondershare version 1.3.10.1 ပါ....



ဒီလင့်ကနေ ဒေါင်းလိုက်ဗျာ.....



ဒါကတော့ youtube downloader HD latest တဲ့....


ဒီအောက်ကလင့်ကနေ ယူလိုက်ကြဗျာ....


တစ်ခြားတောင်းထားတဲ့သူတွေအတွက်လည်း ကျွန်တော် အမြန်ဆုံးတင်ပေးပါ့မယ်။

Av voice changer (သုံးနည်း)

မေးလ်ပို့ပြီးမေးကြတဲ့ သူငယ်ချင်းတွေအတွက်ပါ လောလောဆယ်တော့ သုံးလို့ရတယ်ဆိုရုံလေးအကြမ်းဖျင်းလေးပေါ့ကျွန်တော်လည်း မသုံးကြည့်သေးတော့ ကောင်းကောင်းမသိသေးပါဘူး။
မေးလာတော့လည်း ပြောပြရတော့တာပေါ့ အချိန်ကလည်း နည်းနည်းရတာနဲ့ အောက်မှာ စပြီနော်....

(၁) Av voice changer ကိုဖွင့်ပါ
ဒီအောက်က ပုံအတိုင်း တွေ့ရပါလိမ့်မယ်


ဒီပုံလေးမှာ ကြည့်ပါ....

step 1 မှာ ရှိတဲ့ Nickvoices ဆိုတာကို ကလစ်လိုက်ရင် for male input voice မှာမိန်းကလေးအသံကို ကြိုက်တာရွေးပြီးအဆင်ပြေတာလေးထည့်ကြည့်ပေါ့ဗျာ။girl1,girl2, ပြီးတော့ women1,women2 ,old women အဆင်ပြေတာလေးကိုကလစ်ပေါ့။ step 2 မှာမှင်နီဝိုင်းပြထားတဲ့ အထဲက ရွှေဒင်္ဂါးပြားလိုကောင်လေးကိုတွေ့လား အဲဒါလေးကို မောက်စ်နဲ့(left click) ရွှေ့ကြည့် အပေါ်ကနေအောက်အောက်ကနေအပေါ် စမ်းကြည့်အသံကို ဟလိုဟလိုလို့ (ကိုယ့်အသံကို ပြန်ကြားရပါတယ်) အိုကေပြီဆိုရင် စပြီးချက်တော့ပေါ့...။
မိန်းကလေးတွေအတွက်ကတော့ for female input voice မှာ man အသံတစ်ခုကို ကလစ်ပြီး အပေါ်ကလိုပဲ စမ်းကြည့်ပေါ့ဗျာ။

step 3 မှာ ဆက်ကြည့်လိုက်ဦး အဲဒီကနေလည်း အသံကို ချိန်ညှိလို့ရသေးတယ်.......




step3 မှာEqualizer မင်နီဝိုင်းထားတဲ့ switch လေးတွေကနေ အသံကို လိုသလိုပြောင်းလို့ရပါသေးတယ်ဗျားး ။
ကျန်တာတွေတော့ ကိုယ့်ဘာသာကိုယ်လိုက်ပြီး ကလိကြည့်ကြပေါ့ဗျ ကျွန်တော်တော့ မအားသေးလို့နောက်မှ ကလိမှာ ကလိလို့ နောက်ထပ်အသုံးဝင်တာလေးတွေတွေ့ရင် မျှဝေဦးမယ်နော။
ခုဆို Gtalk ကနေ boy က girl လို girl က boy လို QQQQ.................။

Nero 10 10.0.13100 Lite

တစ်နေ့က comment ကနေတောင်းထားတဲ့ သူငယ်ချင်းရေ ဒေါင်းလိုက်ဗျို့.......။
Nero လို့ပဲတောင်းထားတော့ ကျွန်တော်လည်း ရတာ တင်ထားပေးတာပါ ပြီးတော့ Windows 7 မှာ crack တွေသုံးရတာ အဆင်မပြေပါဘူး အဲဒါကြောင့် အတက်နိုင်ဆုံး ရှာပေးထားတာပါ နောက်လည်း kye သို့ serial နဲ့ software များကိုသာ တင်ပေးသွားမှာပါ။တစ်ခြား တောင်းထားတဲ့သူတွေအတွက်လည်း ကျွန်တော် တင်ပေးဘို့ကြိုးစားနေပါတယ် ကျွန်တော်သုံးနေတဲ့ ကွန်နရှင်က မြန်မာပြည်က ကွန်နရှင်တွေနဲ့နင်လားငါလားပါပဲ အရမ်းကောင်းတာတွေကလည်း register လုပ်ဘို့ နိုင်ငံသားတွေအတွက်လွယ်ကူပေမယ့် ကျွန်တော်တို့လို နိုင်ငံခြားသားအလုပ်သမားတွေအတွက်တော့ မလွယ်လှဘူးဗျို့။အဲဒီလိုနဲ့ ရတဲ့ကောင်ဝယ်သုံးရတော့ စိတ်ထင်သလို လုပ်လို့မရဘူးပေါ့ဗျာ တစ်ခါတစ်ခါ ဖိုင်တင်ဘို့ကို မနည်းကြီးကို လုပ်ယူရတာ ။ အဲဒါကြောင့် သီးခံပြီး စောင့်ပေးကြပါလို့ ။ Nero တွေကျန်နေပါသေးတယ် ကွန်နရှင်အခက်ခဲကြောင့် မတင်နိုင်သေးတာပါ ။အမြန်ဆုံးကြိုးစားပြီးတင်ပေးပါ့မယ်........

Nero 10 10.0.13100 Lite





အောက်မှာ ယူလိုက်ဗျာ.......
Nero10100.13100

ဒေါင်းလို့အဆင်မပြေရင်တော့ ထုံးစံအတိုင်းပေါ့ crooner86@gmail.com ပါ။

Nero Micro-Lite 9.4.13.2 Multilingual (Activated)

Nero Micro-Lite 9.4.13.2 Multilingual (Activated)

ဘာလုပ်တဲ့ software လည်း ဆိုတာတော့ သိကြမယ်ထင်ပါတယ်။
အခွေ Burn လို့ရပါတယ် အခွေကူးလို့ရပါတယ် ဆရာ့ဆရာကြီးတွေကတော့ Nero ဟာ အကောင်းဆုံး burnning tool လို့ ညွှန်းကြပါတယ် ။တစ်ခြားလုပ်လို့ရတာတွေလည်း အများကြီးပါ....
comment တောင်းထားတဲ့ သူငယ်ချင်းလည်း ဒေါင်းလိုက်ပေါ့ဗျာ.....။
အောက်က လင့်မှာ...

ဓါတ်ပုံတွေကို ခဲပန်းချီပြောင်းမယ်

ဒီတစ်ခါတော့ ကျွန်တော့်တို့ရဲ့ ဓါတ်ပုံတွေကို ခဲပန်းချီအဖြစ်ပြောင်းပေးတဲ့ Photo2Sketch.6.51 ဆိုတဲ့ software လေးတင်ပေးလိုက်ပါတယ်ဗျားးးးး။
Web site profile တွေမှာ မူရင်းဓါတ်ပုံလည်း မတင်ချင် (တင်လည်းတင်ချင်သူတွေ) အတွက် အဆင်ပြေတာပေါ့ဗျာ......း)း)

ကဲစပြီနော်...

(၁) Install ကတော့ command တွေအတိုင်းလုပ်သွားလိုက်ပေါ့ register လုပ်တဲ့နေရာမှာ နည်းနည်းလေးရှုပ်နေလို့ အောက်ပုံကို ကြည့်နော်....
့help ဆိုတာကိုကလစ်လိုက်ရင် ကျလာတဲ့အထဲက register ကို ကလစ်ပေးလိုက်ပါ။

user code နဲ့ serial Number ကိုဖြည့်ပေးရပါမယ် အဲဒီလိုဖြည့်ပေးဘို့အတွက် keygen ကို doubel click ပြီးဖွင့်လိုက်ပါ..။
ဒီအောက်ကပုံကိုကြည့်ပါ.....။
user code မှာ NeoX TEAM ဆိုတာလေးကို copy ပြီးတော့ user code မှာသွားပြီး paste လုပ်လိုက်ပေါ့ဗျာ။ပြီးရင်ောတ့ generate ကိုကလစ်လိုက်ရင် အောက်ဆုံးမှာ serial Number ဖြစ်တဲ့ pY110n84PT ကိုပြောင်းသွားပါလိမ့်မယ် copy ပြီးတော့ serial Number မှာ paste လုပ်လိုက်ပါ ပြီးရင်တော့ Ok ပေါ့ဗျာ..။
Standard Make မျှားပြထားတာလေးကိုကလစ်လိုက်ပါ.....။
Black & white Pencil ကိုကလစ်ပါ ပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံရဲ့ အလင်းအမှောင်အတိုင်း ကိုယ်လိုချင်တဲ့ ပုံအနေအထားရောက်တဲ့အထိ မောက်စ်နဲ့ရွှေ့နိုင်ပါတယ်..။Input မှာတော့ ကိုconvert လုပ်မည့်ဓါတ်ပုံရှိနေတဲ့ folder ကိုရွေးပေးလိုက်ပေါ့ဗျာ ကိုယ်ခဲချယ်မည့်ပုံတွေကို သက်သက်လေး folder ဆောက်ထားရင် ပိုကောင်းပါတယ် Output မှာတော့ convert လုပ်ပြီးသားပုံတွေသိမ်းဘို့အတွက် ကြိုက်တဲ့ folder ကိုရွေးပေးလိုက်ပေါ့ဗျာ ပြီးရင်တော့ convert ကို ကလစ်လိုက်ပေါ့ဗျာ....။
ကဲ Photo2Sketch.6.51 လေးကိုတော့ အောက်ကလင့်ကနေ ထုံးစံအတိုင်းပေါ့...။
ကျွန်တော်တောင် စမ်းထားသေးတယ် ခဲပန်းချီပြောင်းလိုက်တော့ ကိုယ့်ပုံကိုတောင်မမှတ်မိချင်တော့ဘူး ချောင်ရန်ဖန့် နဲ့နည်းနည်းတူနေသလိုပဲ .......း)း)။

USB stick တွေကို password ပေးထားရအောင်

အိပ်ရေးတွေပျက်တာများနေလို့ ဒီနေ့တော့ စောစောအိပ်တော့မယ်ဆိုပြီး အိပ်ယာထဲဝင်လိုက်တယ် ဟိုတွေးဒီတွေးနဲ့ပဲ အိပ်မပျော်ပြန်ပါဘူး အိပ်မပျော်တော့ ကွန်ပျုတာရှေ့ပဲပြန်ရောက်ရော။
အဲဒါနဲ့မေးလ် ဖွင့်ကြည့်လိုက်တော့ memory stick ကို password ပေးချင်လို့တဲ့ မေးထားတာနဲ့ တလက်စတည်း ဒီpost ကိုတင်ဖြစ်လိုက်တယ်။
မေးတဲ့သူရှိတော့မှပဲ သြော်ဟုတ်သားပဲ ငါတောင်ပေးမထားမိပါလားလို့တွေးမိတော့တယ် ဟုတ်တယ် ကျွန်တော်လည်း stick တွေသုံးပါတယ် ဒါပေမယ့် password ပေးဘို့ကိုတော့ တစ်ခါဘူးမှမတွေးခဲ့မိဘူးတာအမှန်ပါ။
လူတွေဘာလို့ memory stick တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသလဲ အဖြေကတော့ရှင်းပါတယ် ဝယ်ရလွယ်ကူတယ် အဖိုးကလည်း နည်းတယ် အဖိုးနည်းပေမယ့် သိမ်းဆည်းလို့ရတဲ့ ပမာဏကျတော့များတယ် သယ်ရလွယ်ကူတယ် ဘယ်သွားမလဲ အိပ်ကပ်ထဲထည့်သွား ကွန်ပျုတာနဲ့တွဲပြီးသုံးတော့လည်း တစ်ခြား Drive တွေထက်အသုံးပြုရတာ လွယ်ကူတယ် မြန်လည်းမြန်တယ် ဒါကြောင့်ပဲ လူတွေတွင်တွင်ကျယ်ကျယ်သုံးနေကြတာပါပဲ။
အားနည်းချက်က ဒီမှာလာပြီ လွယ်လွယ်ကူကူသယ်သွားလို့ရအောင်ပဲ ထုပ်ထားတဲ့ ဒီဇိုင်းက သေးသေးလေးဆိုတော့ အလွယ်တကူပျောက်ရှလွယ်တာပါပဲ။
ကျွန်တော်တို့ memory stick တွေထဲမှာ ဘာတွေသိမ်းဖြစ်ကြလည်း အရေးကြီးတဲ့သတင်းအချက်လက်တွေသိမ်းမယ် ၊လုပ်ငန်းနဲ့ပက်သက်တဲ့ Documents တွေသိမ်းမယ် ပြီးတော့ တစ်ခြားကိုယ်ရေးကိုယ်တာအချက်လက်တွေ သိမ်းမယ် ဒါဆိုရင် အဲဒီ memory stick ပျောက်ဆုံးခဲ့ရင် ဝယ်ယူထားခဲ့တဲ့ တန်ဘိုးနည်းပေမယ့် သိမ်းဆည်းထားတဲ့ Data တွေရဲ့တန်းဘိုး အဲဒီအချက်လက်တွေ မသမာသူတွေဆီရောက်သွားရင် စသည်..စသည်ဖြင့် အများကြီးပေါ့ဗျာ။
ဒီတော့ ကျွန်တော်တို့ရဲ့ memory stick တွေကို password ပေးထားသင့်ပါတယ် (စကားတောင်နည်းနည်းရှည်သွားပြီ)။

USB Secure v1.5.0 Software + Serial Key


size ကတော့ 1.24 MB ပဲရှိတယ်ဗျာ...
http://ifile.it/avozlbi/crooner.locker

်file ကို Rename ပြန်လုပ်ပေးမှဖွင့်လို့ရပါ့မယ် .rar. လို့ပြောင်းလိုက်ဗျာ ဘယ်မှာတင်တင် copy right နဲ့မလွတ်ပဲဖြစ်နေလို့
install လုပ်တာရှင်းပြပါ့မယ်....
ဒေါင်းပြီးတာနဲ့ ပထမဆုံး Internet connection ကိုပိတ်ထားရပါ့မယ်။
ဒေါင်းထားတဲ့ USB secure ကို Double click လိုက်ပါ အောက်ကပုံကိုကြည့်ပါ
drive ရွေးခိုင်းတဲ့နေရာရောက်ရင်တော့ ကိုယ့်ရဲ့ drive name ဖြစ်တဲ့ E,F,G ထဲက password ပေးချင်တဲ့(memory stick) drive ထဲမှာပဲ install လုပ်ရမှာပါ။


Install လုပ်ပြီးရင် my computer ကနေ stick ကိုပြန်ပြီးဖွင့်ကြည့်လိုက်ပါ USB secure ရဲ့ icon လေးကိုတွေ့ပါလိမ့်မယ် ။
stick ကိုကွန်ပျုတာကနေ ပြန်ဖြုတ်လိုက်ပါ ပြီးရင်ပြန်တက်ပါ Auto play တက်လာတာနဲ့ အပေါ်ဆုံးမှာ password protect this USB Drive ကိုတွေ့ရရင် click ====> Ok ပြီးရင် အောက်မှာကြည့်ပါ..


ပြီးရင်တော့ password ထည့် .....။
register ကိုကလစ်ပြီး serial ကိုထည့်လိုက်ပေါ့ဗျာ......
အဆင်ပြေပါစေ.......
မရရင်တော့ ထုံးစံအတိုင်းပေါ့ crooner86@gmail.com ပါ...............။