..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Monday, July 30, 2012

Internet browser တွေ စဖွင့်လိုက်တာနဲ့ ကိုယ်နောက်ဆုံးဖွင့်ခဲ့တဲ့ Browsing session အတိုင်းပြန်ရအောင်

Internet Browser တွေမှာ ဘယ်လို setting လုပ်မလဲ သိတဲ့သူတွေလည်း ကျော်သွားလိုက်ပေါ့...မသိတဲ့သူတွေဖတ်ပေါ့ဗျာ......။
Browser ကိုစတာနဲ့ နောက်ဆုံးဖွင့်ခဲ့တဲ့ last browsing session Tab တွေအတိုင်း ရအောင် အောက်မှာ ရှင်းပြပေးပါမယ်...။
ကျွန်တော်ဆိုရင်တော့ Mozilla ဖွင့်တာနဲ့ အနည်းဆုံး Tab က လေးခုပဲ Gmail,Blog,facebook နှင့် တစ်ခြား Website အနည်းဆုံး တစ်ခုကနေ သုံးခုလောက်ထိတစ်ခါးတည်းဖွင့်ပစ်လိုက်တယ်...တစ်ခါတစ်လေကျတော့ မှားပြီး ပိတ်မိတာရှိတယ်...ဒါမှမဟုတ်လည်း စက်က Restart ကျတာရှိတယ်....အဲ့လိုဖြစ်သွားရင် စောစောက ဖွင့်ထားတာတွေ တစ်ခုခြင်းဆီ ပြန်ပြီးလိုက်ဖွင့်နေရရင် အလုပ်က မဟုတ်သေးဘူး အဲ့ဒါကြောင့် ဒီ Setting လုပ်ထားဖြစ်တာ.......။

စကားတွေမရှည်တော့ဘူး........စပြီ.......။





Mozilla မှာပါ....
ပုံထဲကအတိုင်း Option ကို ကလစ်လိုက်ပြီ.........



Start up.....
When Firefox start မှာ ပုံထဲကအတိုင်း Show my windows and tsbs from last time ကိုကလစ်ပေးပြီး OK လိုက်ရင်ရပါပြီ........။



Chrome မှာပါ...
ပုံထဲကအတိုင်း Setting ကိုသွား.........။




On start up...
ပုံထဲကအတိုင်း Continue where i left off ကို check ပေးလိုက်ရင် ရပါပြီ........။




Opera မှာပါ...
ပုံထဲကအတိုင်း setting==>Preferences ကိုကလစ်ပါ........။




Start up.....
ပုံထဲကအတိုင်း Continue from last time ကလစ်ပြီး OK လိုက်ရင်ရပါပြီ..........။



Safari မှာပါ......
Gear icon ကိုကလစ်ပြီး ပုံထဲကအတိုင်း Preferences ကိုကလစ်ပါ........။



ပုံထဲကအတိုင်းပဲ Safari opens with မှာ All windows from last session ကိုကလစ်ပြီး OK လိုက်ရင်ရပြီ...။




IE မှာတော့ ဒီ Option က အပေါ်ကကောင်တွေလောက်မလွယ်ဘူး လုပ်လို့တော့ရတယ်....။
ပုံထဲကအတိုင်း New Tab Button ကိုကလစ်ပါ...



ပုံထဲကအတိုင်း Reopen last session ကိုကလစ်ရင်ရသလို........။




Internet Option ကိုသွားမယ်..........



ပုံထဲကအတိုင်း Homepage မှာ about:tabs လို့ရိုက်ထည့်ပေးပြီး OK လိုက်ပါ................။




အားလုံး အဆင်ပြေကြပါစေ...........။

windows 7 နှင့် windows vista မှ my computer ကို taskbar မှာ ဘယ်လို Add လည်း

သိတဲ့သူတွေလည်း သိပါတယ်......မသိတဲ့သူတွေလည်း မသိဘူးပေါ့......။
မေးလ်ထဲက သူငယ်ချင်းတစ်ယောက်က မေးတယ်....computer menu ကို taskbar မှာထားချင်တယ် အဲ့ဒါ ဘယ်လိုလုပ်ရလဲဆိုလို့ဗျ......။
computer မှ မဟုတ်ပါဘူး ကိုယ်အမြဲ သုံးနေကျ Folder တွေကိုလည်း ဒီနည်းလမ်းလေးအတိုင်း taskbar မှာ Add လုပ်လို့ရပါတယ်....လွယ်လွယ်လေးပါ........။







Taskbar ပေါ်မှာ Right Click ပြီး ပုံထဲကအတိုင်း Toolbars===>New Toolbar ကိုကလစ်........။






Computer ကို add မှာဆိုတော့ computer ကိုကလစ်===> Select Folder ကိုကလစ်......။




ပုံထဲက အတိုင်း computer ဘေးက မျှားလေးပေါ်မှာ ကလစ်လိုက်ရင် ထွက်လာတဲ့ pop up menu ထဲကနေ ကိုယ်လိုချင်တဲ့ Drive သို့ Folder ထဲကို မြန်မြန်ဆန်ဆန်လေး ဝင်သွားနိုင်ပြီပေါ့........။


windows 7 password reset disc တစ်ခုဖန်တီးခြင်း






များသောအားဖြင့်တော့ password ပြောင်းလိုက်တဲ့ အချိန်တွေနဲ့ Windows ပြန်တင်းပြီးစ အချိန်တွေမှာ password အသစ်ကို မမှတ်မိလို့ ဖြစ်ကြရတာများပါတယ်.......။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ Windows 7 မှာ password မေ့နေလို့ပဲဖြစ်ဖြစ် လိုအပ်လို့ password ကို remove လုပ်ရမှာပဲဖြစ်ဖြစ် password reset disc တစ်ခု အလွယ်တစ်ကူ ဖန်တီးဘို့ ဒီ Application က ကူညီပေးနိုင်ပါတယ်......။

ဒီကောင်လေးက password reset disc ကို CD/DVD အပြင် USB နဲ့လည်း ဖန်တီးနိုင်ပါတယ်....CD/DVD Drive မရှိတဲ့ စက်တွေအတွက်လည်း အဆင်ပြေသွားတာပေါ့....။

ဒီနေရာကို သွားပြီး Trial နဲ့ Download ယူလိုက်ပါ....။

(၁) password unlocker ကို run ပါ........။

(၂) password reset disc ကို CD/DVD နဲ့ဖန်တီးမလား USB နဲ့ဖန်တီးမလား....CD/DVD နဲ့ ဖန်တီးမယ်ဆိုရင်တော့ CD သို့ DVD အလွတ်တစ်ချပ်ကို ထည့်ပေးလိုက်ပြီး Burn CD/DVD ကိုကလစ်ပြီးစောင့်ပေးလိုက်ပါ ......USB နဲ့ ဖန်တီးမယ်ဆိုရင်တော့ Burn USB ကိုကလစ်ပေါ့....Burning disc complete ဆိုပြီး dialogue box လေးတက်လာရင်တော့ burn လို့ ပြီးသွားပါပြီ.....။

(၃) password reset disc နဲ့ Boot တက်ပါ....password reset လုပ်မည့် account ကိုကလစ်ပြီး reset ကိုကလစ်ပါ.....တက်လာတဲ့ box လေးအထဲက Yes ကိုကလစ်ပါ........password reset successfully ဆိုတဲ့ dialogue box လေးတက်လာပါမယ် Ok ကလစ်ပါ....။

(၄) reboot ကိုကလစ်ပေးလိုက်ပါ......user ကိုကလစ်ပြီး ဝင်သွားရုံပါပဲ.........။


အဆင်ပြေကြပါစေ..........

Thursday, July 26, 2012

ဂွမ်းနေတဲ့ပုံတွေ လန်းသွားအောင်........:P






ဟိုးအရင်တုန်းကလည်း တင်ပေးဘူးတယ်.....။
Photo Editing Software လေးပါ သုံးတာကတော့ run လိုက်တာနဲ့ Start up မှာ Video လေးနဲ့ရှင်းပြပေးတယ်...။
ပိန်နေတဲ့ပါးလေးတွေ ဖောင်းသွားအောင်တို့......ကောက်နေတဲ့နှာတံလေး ဆွဲပြီးဖြောင့်တာတို့ အပြင် မိက်ကပ်တွေ နှုတ်ခမ်းနီတွေလည်း ဆိုးလို့ရသေးတယ်......:)

profile ပုံ လန်းလန်းလေးတွေ တင်ချင်ကြတဲ့သူတွေကတော့ ယူလိုက်ဦးပေါ့..........:P
Size ကတော့ 6.37 MB ပဲရှိပါတယ်......။

    ဒီနေရာမှာ သွားယူလိုက်ပါ......

Antivirus ကိုပိတ်ထားပြီးမှ ဖိုင်ကိုဖြည်ပါ အထဲမှာ Crack ဖိုင်ပါလို့ပါ Crack တွေ Patch တွေဆိုရင် Antivirus တွေက Virus အထင်နဲ့ ဝါးပစ်တက်ကြလို့ပါ........။

ဖိုင်ဖြည်ပြီးရင် Photoinstrument ကို Install လုပ်ပါ Photoinstrument ကို ပြန်ပိတ်ထားပါ........ပြီးရင် Crack ကို Copy လုပ်ပါ C://Windows====>program files====>Photoinstrument ရဲ့ Folder ထဲမှာ paste လုပ်လိုက်ပါ ပြီးမှ Photoinstrument ကိုဖွင့်ရင် Active လုပ်ခိုင်းပါလိမ့်မယ်.... Text file ထဲမှာပါတဲ့ Email နဲ့ Key ကို ယူပြီး Active လုပ်ပေးလိုက်ပါ.......ဂွမ်းနေတဲ့ ပုံလေးတွေ လန်းသွားအောင် ပြင်လို့ရသွားပါလိမ့်မယ်.......:P

အဆင်ပြေကြပါစေ.........

Internet Download Manager IDM v6.12 BETA Build 7






latest update တွေ့လို့ Share လိုက်ပါတယ်.......။
4.62 MB ပဲရှိပါတယ်.... Download  ယူပြီးရင် ဖိုင်ဖြည်လိုက်ပါ အထဲမှာ IDM setup.exe နဲ့ Patch ဖိုင်ပါ ပါတယ် ဖိုင်မဖြည်ခင်မှာတော့ Antivirus ကို ပိတ်ထားဘို့လိုပါမယ် မဟုတ်ရင်တော့ Patch က လစ်သွားလိမ့်မယ်.....။
Install မလုပ်မှီ Internet connection ကိုပိတ်ထားပါ Install လုပ်ပြီးရင် Tray Icon ထဲက IDM ပေါ်မှာ Right Click ပြီး Exit ပေးလိုက်ပါ......patch ကို run ပြီး Patch button ကိုကလစ်ပေးပြီး ခဏစောင့်လိုက်ရုံပါပဲ.....။

Update မလုပ်ပါနဲ့...........:)
Update ကိုပိတ်ထားပါ.....ဘယ်လိုပိတ်ရမလဲ မသိရင်တော့ ဒီနေရာမှာ သွားကြည့်ပါ......။
Download Manager ကိုတော့ ဒီနေရာမှာ သွားယူကြပါ.......။

အဆင်ပြေကြပါစေ............

BurnAware Professional 5.0.1





CD/DVD နှင့် Blu-Ray Disc တွေကို Burn နိုင်သလို copy လည်းလုပ်နိုင်တဲ့ဆော့ဝဲလေးပါ....။
သုံးရတာလည်း အရမ်းကို လွယ်ကူတာမို့ ဘယ်လိုသုံးရမလဲဆိုတာ ရေးမပြတော့ပါဘူး...။
Serial ပါပြီးသားပါ Size ကတော့ 10.51 MB ပဲရှိပါတယ်..........။

Tutorial လေးကိုတော့ ဒီနေရာလေးမှာ.... သွားကြည့်နိုင်ပါတယ်....။

BurnAware Professional 5.0.1 ကိုတော့ ဒီနေရာမှာ သွားယူလိုက်ပါ.....

Sunday, July 22, 2012

Malwarebytes Anti-Malware 1.62.0.1300+serials




Malwarebytes Anti-Malware  ကွန်ပျုတာသုံးနေတဲ့သူတော်တော်များများ သိထားကြပြီးသား Application ပါ....Malware တွေ ရှင်းပေး သတ်ပေးတဲ့ Software........။

Malware ဆိုတာကတော့ Malicious Software ကို အတိုကောက်ခေါ်ကြတာဖြစ်ပါတယ်....။အသုံးပြုသူရဲ့ ခွင့်ပြုချက်မရပဲ System ,Privacy နဲ့ တစ်ခြား အချက်လက် တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်အောင်(Code,Script,active content) ပါဝင် ရေးဆွဲထားတဲ့ Program တစ်ခုပါပဲ....။

Malware နဲ့ပါလာတက်တာကတော့Worms,trojan horses,spyware,dishonest adware,scareware,crimeware,rootkits,malicious နှင့် တစ်ခြား မလိုလားအပ်တဲ့ Program တွေပါလာတက်ပါတယ်...။

Mouse pointer လေးဖျက်ကနဲ့ ပျောက်သွားမယ် သို့မဟုတ် ရွေ့လို့မရဖြစ်နေရင် Malware ဝင်နေပြီ ရှိတာလေးတွေလည်း ပါသွားပြီ...။ Trojan ပါလာရင်တော့ Internet connection ကို  Block လုပ်ပစ်တက်ပါတယ်....Internet Browser တွေဖွင့်လိုက်တယ် Homepage ကိုတောင် Loading မလုပ်နိုင်တော့ဘူးဆိုရင် သေချာပေါက် malware ရှိနေပါပြီ....။
အဲ့ဒီ ပြဿနာတွေကို Malwarebytes Anti-Malware  နဲ့ Scan လုပ်ပြီး တွေ့တဲ့ကောင်ကို အပြတ်သာရှင်းပြစ်လိုက် OK သွားလိမ့်မယ်...။

Size ကတော့ 10.16 MB ပဲရှိတယ်.......။

ဒီနေရာမှာ သွားယူလိုက်


အားလုံး အဆင်ပြေကြပါစေ.........






SUPERAntiSpyware Professional 5.5.1012 Final+serials








 SUPERAntiSpyware တဲ့ spyware scanner ထဲမှာတော့ သုံးရ အလွယ်ဆုံးနဲ့ အကောင်းဆုံးလို့ညွှန်းထားပါတယ်....။
သူ့ရဲ့ ပြိုင်ဘက်ကင်း Process Interrogation Technology (PTI) ကွန်ပျုတာရဲ့ System ထဲမှာ ခိုအောင်းနေတဲ့ Spyware တွေကို အလွယ်တကူရှင်းထုတ်ပေးနိုင်ပါတယ်တဲ့.....။

ဒီနေရာမှာ အကြောင်းသင့်လို့ Spyware အကြောင်းနည်းနည်းရှည်လိုက်ဦးမယ်...Spyware တွေ ကွန်ပျုတာမှာ ဘယ်လို အလုပ်မျိုးတွေကိုလုပ်သလဲဆိုတော့ ရုပ်ရှင် ဇာတ်လမ်းတွေထဲက Spy တွေလိုပါပဲ ကွန်ပျုတာ အသုံးပြုသူရဲ့Data တွေကို သူရဲ့ မိခင် server ဆီ အမြဲတမ်း ပို့ပေးတာပါပဲ...။

 SUPERAntiSpyware ကတော့ Spyware တင်မက Adware,Malware.Trojan,Dialer,Worms,Keyloggers တစ်ခြား threats တော်တော်များများကိုလဲရှင်းပေးနိုင်ပါသေးတယ်.....။

Registry နှင့် Task Manager ကိုပြင်နိုင်သလို Schedule ဆွဲထားလို့လည်းရသေးတယ် Daily scans လား Weekly scans လား.......။ 


Size ကတော့ 7.24 MB ပဲရှိပါတယ်...Serial ပါပြီးသားပါ အဆင်ပြေတဲ့ တစ်ခုနဲ့သာ Active လုပ်လိုက်ကြပါ...။
  
  ဒီနေရာလေးမှာ သွားယူလိုက်ပါ...။



Angry Birds PC Collection + Latest Updates





Angry Birds ချစ်သူတွေအတွက်ပါ Latest Updates လေးထွက်လာလို့တင်ပေးလိုက်ပါတယ်...။
တစ်ချို့ကတော့ အရမ်းချစ်ပါတယ်ဆိုတဲ့သူကို အရေးမစိုက်နိုင်ပဲ Angry Birds ကိုပဲ သဲကြီးမဲကြီး ကစားတာမျိုးလည်းတွေဘူးပါတယ် အဲ့ဒီလို ပုဂ္ဂိုလ်များလည်း Download ယူလိုက်ကြပါဦး....။

Size ကတော့ 351.79 MB ရှိတယ် လေးပိုင်းပိုင်းပြီးတင်ထားတယ် Size ကြည့်ပြီးတော့ လန့်မသွားနဲ့ဦး ဘာတွေပါလည်းကြည့်သွားဦး.....။

























ဒါက Angry Birds Classic v2.0.2.1 Full



















ဒါက Angry Birds Rio

























 ဒါက Angry Birds Seasons






















ဒါက Angry Birds Space(NEW)...


ဒီနေရာလေးမှာ သွားယူလိုက်ပါ...


စုစုပေါင်း လေးပိုင်း ခွဲပြီးတင်ထားပါတယ် အားလုံး Download လုပ်ပြီးရင်တော့ ဖိုင်ပြန်ဆက်ဘို့ ဒီနေရာမှာ ယူ    လိုက်ပါ....ဖိုင်ပြန်ဆက်တာကတော့ လွယ်ပါတယ် hjsplit ကို run လိုက်ပြီး ====> Input မှာ part 1 ကိုပေးပြီး ====> Output မှာတော့ အဆင်ပြေမည့် နေရာတစ်ခုကိုရွေး ====> Start ကိုကလစ်ပြီး စောင့်ပေးလိုက်ရင်.....Zip ဖိုင်တစ်ခုရလာပါလိမ့်မယ်...။

အဲ့ဒီ Zip ဖိုင်ကိုဖြည်လိုက်ရင်တော့....2  angry birds installers from 123fullsetup.com ဆိုတဲ့ Folder နှင့်3   angry birds update installers from rovio   ဆိုတဲ့ Folder နှစ်ခုကိုတွေ့ရမှာပါ......။။

2  angry birds installers from 123fullsetup.com Folder ထဲမှာ key file လည်းပါပြီးသားပါ Install လုပ်တဲ့နေရာမှာ Internet Connection ရှိဘို့လိုအပ်ပါတယ်.....။

အထက်က အဆင့်တွေပြီးသွားရင်တော့ 3   angry birds update installers from rovio Folder Update တွေကို Install လုပ်ရပါမယ် ဒီမှာလည်း Internet connection ရှိဘို့ လိုပါတယ်.........Install လုပ်နေတဲ့အချိန်အတွင်းမှာ Key တောင်းလာရင်တော့ Repair ကိုကလစ်ပေးလိုက်ပါ........။

Angry Birds PC Collection  ကို Install လုပ်ဘို့ လိုအပ်မည့် System Requirements တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်.....။


OS Windows XP SP2
RAM 512MB
CPU 1 GHz
Graphic OpenGL 1.3 compatible






အားလုံး အဆင်ပြေကြပါစေ.......


Saturday, July 21, 2012

PowerISO 5.3








သိတဲ့သူတွေလည်း သိကြပြီးသားပေါ့ မသိသေးတဲ့သူတွေအတွက်တော့ ISO ဖိုင် အကြောင်း နည်းနည်း လေရှည်လိုက်ဦးမယ်...။

ISO ဆိုတာကတော့ ကွန်ပျုတာထဲကနေ မိမိသိမ်းဆည်းလိုတဲ့ File တွေကို CD/DVD ထဲမှာ သိုလှောင်ထားနိုင်အောင် Image File အဖြစ် ဖန်တီးတာလို့ အလွယ်ဆုံးပြောလိုက်ရအောင်...။အဲ့လိုသိမ်းဆည်းတဲ့နေရာမှာ mp3 တွေ video တွေ ဓါတ်ပုံတွေ text ဖိုင်တွေ စသည်ဖြင့်ပေါ့...မိမိသိမ်းဆည်းလိုတဲ့ ဖိုင်တွေကို တစ်နေရာထဲမှာ စုလိုက်မယ် ပြီးရင် ISO File အဖြစ် ဖန်တီးလိုက်ပြီး CD/DVD နဲ့ burn (CD/DVD ထဲမှာ သိုလှောင်)ထားနိုင်ပါတယ်...။အဲ့ဒီဖိုင်တွေ CD/DVD ထဲကိုရောက်သွားရင်လည်း (Uncompressed format ) ချုံ့ထား၊ထုတ်ထားတဲ့ ဖိုင်အမျိုးစားမဟုတ် နဂို မူလ ဖိုင်အမျိုးစားအတိုင်းရှိနေမှာမို့ အသုံးလိုတဲ့ အချိန်မှာ CD/DVD ကို drive ထဲထည့်ပြီး အလွယ်တကူ ပြန်ယူသုံးနိုင်ပါတယ်...။

အဲ့ဒီလိုမဟုတ်ပဲ နောက်တစ်မျိုးရသေးတယ် အဲ့ဒါကတော့ သီချင်းခွေပဲဖြစ်ဖြစ် ကိုယ်ရိုက်ထားတဲ့ ဗွီဒီယိုပဲ ဖြစ်ဖြစ် တစ်ခြား CD/DVD ထဲရှိတယ် Data မှန်သမျှကို တစ်ခြားးသော CD/DVD  အလွတ် တစ်ချပ်ထဲကို ကူးချင်တယ် ဆိုရင်လည်း အဲ့ဒီ Data တွေရှိနေတဲ့ CD/DVD ကို ကွန်ပျုတာက drive ထဲကို ထည့် ISO ဖိုင်အဖြစ် ဖန်တီးပြီး  CD/DVD အလွတ်ထဲမှာ Burn နိုင်ပါတယ် (ပွားတာ၊ကူးတာ တစ်ချပ်ကနေ နှစ်ချပ်ဆိုတော့ ပျောက်တာပဲဖြစ်ဖြစ် အခွေပျက်စီးတာပဲဖြစ်ဖြစ် နောက်တစ်ချပ်ရှိနေတော့ စိတ်ချရတယ်)...။အဲ့ဒီလို Burn မထားပဲ ဖန်တီးထားတဲ့ ISO ဖိုင်ကို Hosting site တွေမှာ Upload လုပ်မယ် တစ်ခြားသူတွေနဲ့ share မယ်ဆိုလည်း အပိုင်းပိုင်းလေးတွေ ခွဲပြီးတင်လိုက်ရုံပေါ့...။ဒီလောက်ဆိုရင်တော့ ISO ဖိုင် ဖန်တီးကြရခြင်းရဲ့ အကြောင်းရင်းကို သဘောပေါက်လောက်ပြီထင်ပါတယ်.....။

PowerISO 5.3 ကတော့ အထက်ကပြောခဲ့သလိုမျိုး ISO ဖိုင်တွေကို ဖန်တီးနိုင်သလို extract လည်းလုပ်နိုင်ပါတယ် CD/DVD ထဲကို Burn မထားတော့ဘူး ကွန်ပျုတာမှာ ပဲသိမ်းမယ် သုံးမယ်ဆိုရင် ISO ဖိုင်ကို extract လုပ်ဘို့ လိုပါတယ် သူက extract လုပ်ဘို့လည်း ကူညီပါလိမ့်မယ်...။


ဒီနေရာလေးမှာ သွားပြီးယူလိုက်ပါ... Size ကတော့ 7.29 MB ပဲရှိပါတယ်....။Download ယူပြီး ဖိုင်မဖြည်ခင်မှာ Antivirus ကိုပိတ်ထားပါ မဟုတ်ရင် Keygen လစ်သွားလိမ့်မယ်....Virus မပါဘူး ကျွန်တော့်စက်မှာ စမ်းပြီးတော့မှ တင်တာပါ အာမခံပါတယ်....။Serial ကတော့ keygen မှာရှိပါတယ်  generate လုပ်ယူလိုက်ပါ....။


ပတမဆုံး ISO ဖိုင် ကို Power ISO သုံးပြီးဘယ်လို ဖန်တီးမလဲ ကြည့်အောက်မှာ....








ပုံထဲကအတိုင်းပါပဲ...
(၁) မှာ Add ကိုကလစ်မယ်...
(၂) မှာ ISO အဖြစ်ဖန်တီးမည့် ဖိုင်တွေကို Drag ဆွဲ (select all )လုပ်မယ်....
(၃) Add click



















(၁) Save ကိုကလစ်မယ်
(၂) ISO ဖိုင်ရဲ့ နာမည်ကိုပေးမယ်...
(၃) Save ကိုကလစ်....





















ပုံထဲကအတိုင်း save လုပ်နေလိမ့်မယ် ပြီးသွားပြီဆိုရင်တော့ စောစောက save လုပ်တဲ့ Folder အောက်မှာ ပေးထားတဲ့ နာမည်နဲ့ ရွှေရောင် CD ချပ်ပုံလေးရောက်နေရင် ISO ဖိုင် ဖန်တီးလို့ပြီးသွားပါပြီ....။



ISO ဖိုင်ကို ဘယ်လို extract လုပ်မလဲ အောက်မှာ ဆက်ကြည့်ရအောင်......






















(၁) open ကိုကလစ်လိုက်ရင် ကွန်ပျုတာမှာ ရှိနေတဲ့ ISO ဖိုင်တွေကို ပြပါလိမ့်မယ်...
(၂) extract လုပ်မည့် ISO ဖိုင်ကိုရွေးမယ်...
(၃) Open Click.....






















ဖိုင်တွေဝင်လာပြီ......
(၁)  extract ကိုကလစ်မယ်.....
(၂) အဲ့ဒီမှင် လေးထောင့်ကွပ်နေရာကို ကလစ်ပြီး save လုပ်မည့်နေရာကို ရွေးနိုင်တယ်...
(၃) OK Click.....






















ကျွန်တော်ကတော့ Desktop ကိုရွေးလိုက်တယ်.........























ပြီးသွားရင်တော့ extract ထားတဲ့ဖိုင်တွေကို Desktop မှာတွေ့ရမှာပါ........။




အားလုံး အဆင်ပြေကြပါစေ............

PC performance တြွှေမှင့်ကြရအောင်...

Wise Care 365 Pro 1.21 Build 106 Final







 Wise Care 365 Pro ကတော့ ကွန်ပျုတာရဲ့ Disk,registry မှာ အရေးပါတဲ့ အစုအဖွဲ့တွေအပြင် System ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဘို့ အရမ်းကို အသုံးဝင်တဲ့ Application တစ်ခုပါ...။ကြုံဘူးမှာပါ ကွန်ပျုတာ System crash ဖြစ်တာ error တွေ ခဏခဏတက်ပြီး ဟိုဟာသုံးမရ ဒီဟာသုံးမရနဲ့ သုံးလို့ရပြန်တော့လည်း စိတ်ပျက်စရာကောင်းလောက်အောင် အရမ်းနှေးကွေးတာတွေဟာ ကွန်ပျုတာ အသုံးပြုနေတဲ့သူတိုင်း တွေ့ကြုံရတဲ့ ပြဿနာပါပဲ အဲ့ဒီပြဿနာတွေ မဖြစ်အောင် Systems ကို ပုံမှန် Disk clean up လုပ်တာ defragment လုပ်တာ optimize လုပ်တာတွေကို ပုံမှန်ဆောင်ရွက်ပေးသင့်ပါတယ်...။အဲ့ဒါတွေ လုပ်ဆောင်ဘို့  Wise Care 365 ကူညီနိုင်ပါလိမ့်မယ်...။
portable လေးပဲဆိုတော့ Install လည်း လုပ်စရာမလိုဘူးပေါ့ size ကလည်း 8 MB ပဲရှိပါတယ်.....။

ဒီနေရာမှာ သွားယူလိုက်ပါ...

Wise Care 365 Pro က ကွန်ပျုတာ System performance ကို မြှင့်တင်ဘို့် ဘာတွေလုပ်နိုင်သလဲကြည့်ရအောင်......။

(၁) Windows Registry ကို Clean up, defragment, နှင့် optimize လုပ်နိုင်ပါတယ်...။

(၂) hard disk ကို defragment လုပ်နိုင်ပါတယ် (Windows မှာလည်း defragment tool ပါပေမယ့် သုံးလို့မကောင်းပါ) free up space ဖြစ်စေပါတယ်( HDD မှာရှိတယ် အသုံးမလိုတော့တဲ့ ဖိုင်တွေကို ရှင်းလင်းပြီး နေရာလွတ်ရအောင် ဖန်တီးပေးခြင်း)...။

(၃)ကွန်ပျုတာထဲမှာရှိတဲ့ အရေးပါတဲ့ အချက်လက်တွေ ကိုကာကွယ်ပေးပါတယ်...။

(၄) အရေးပါတဲ့ File နှင့် Folder တွေကို Hide လုပ်ထားနိုင်ပါတယ် .....။

(၅) Auto shut down လုပ်နိုင်ပါတယ် (ကွန်ပျုတာကို မိမိ ပိတ်စေချင်တဲ့ အချိန်မှာ ပိတ်သွားစေရန်)....။

(၆) One Click Tune-up" နဲ့ တစ်ချက်ပဲနှိပ်ရုံနဲ့ System ကို optimize (Windows စနစ်တစ်ခုလုံး အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ အထစ်ငေါ့မရှိ ပုံမှန် လည်ပတ်စေရန်) လုပ်နိုင်ပါတယ်...။


ဒီအချက်တွေကို ကြည့်ရင်တော့  Wise Care 365 Pro မှာ မက်လောက်စရာ အကွက်တွေရှိနေပါကြောင်းးး.....း)


အားလုံး အဆင်ပြေကြပါစေ..........

Friday, July 20, 2012

EximiousSoft Business Card Designer 3.80





Business Card Designer software လေးပါ ကိုယ့်ရဲ့ Business card ကိုယ်တိုင် ဖန်တီးချင်တာပဲဖြစ်ဖြစ်...အပျင်းပြေ ကလိချင်လို့ပဲဖြစ်ဖြစ်...လွယ်လွယ်လေးနဲ့ Business card တစ်ခုကို Design လန်းလန်းလေးတွေနဲ့ ...ဖန်တီးနိုင်ပါပြီ....။

ဒီနေရာလေးမှာ သွားပြီး Download ယူလိုက်ပါ

Business card တစ်ခုကို အောက်မှာ ကြည့်လိုက်ရအောင်...နည်းနည်းပဲပြမှာနော် ကျန်တာတော့ ကိုယ့်ဘာသာကိုယ် ကလိကြ...။

Install လုပ်ပြီးပြီဆိုပါတော့ Serial ကပါပြီးသားနော် text file ထဲမှာ ယူပြီးတော့ ထည့်လိုက်...။





















(1) မှာကြိုက်တဲ့ category တစ်ခုရွေး...
(2) မှာကြိုက်တဲ့ template ကိုရွေး...
(3) New blank card ကတော့ သူမှာပါတဲ့ ဒီဇိုင်းတွေမကြိုက်ဘူး ကိုယ့်စိတ်ကြိုက်လုပ်မယ်ဆိုရင် check ပေးလိုက် မဟုတ်ရင်တော့ ဒီတိုင်းထားလိုက်ပါ...။
(4) OK ကိုကလစ် ...




















ရွေးထားတဲ့ ဒီဇိုင်းပေါ်မှာ နာမည်တွေ ဖုန်းနံပါတ်တွေ လိပ်စာတွေ ပြင်ဆင်ဖြည့်စွက်ရမယ်...။
ဒီမှာမြှားပြထားတဲ့အတိုင်း စာသားပေါ်မှာ နှစ်ချက်ဆင့်ပြီး ကလစ်ပါ...ပုံထဲကအတိုင်းဖြစ်သွားရင်အောက်မှာ ဆက်ကြည့်....။























ဒီမှာတော့ Right click ===> Delete ကိုကလစ်ပါ ...ပြီးရင် စာသားဖြည့်စွက်ရပါမယ်....အောက်မှာ ဆက်ကြည့်ပါ....။
























(1) Add Text ကိုကလစ်....
(2) မြန်မာစာ ဖြည့်စွက်မည် ဆိုရင် Zawgyi One ကိုပြောင်းပေးဘို့လိုပါတယ် တစ်ခြား Font style တွေလည်း အများကြီးရှိပါတယ် ကြိုက်ရာရွေးနိုင်ပါတယ်...
(3) မှာတော့ စာရိုက်ထည့်ရမှာ ဖြစ်ပါတယ်....
(4) လိုချင်တဲ့ စာသား ရပြီဆိုရင်တော့ အိုကေကို ကလစ်ပါ....























ဒီမှာတော့ စာသားဝင်လာပါပြီ ပုံမှာ ပြထားတဲ့အတိုင်း Drag ဆွဲပြီး လိုချင်တဲ့နေရာရောက်အောင် ထားပါ...။
လိုချင်တဲ့စာသားတွေကို ဖျက်တာ၊စာသားဖြည့်တာ၊စာသားကို လိုချင်တဲ့နေရာ ရွေ့တာတွေ အားလုံး ဒီအတိုင်း လုပ်ယူရမှာပါ.....























စာသားကို လိုချင်တဲ့နေရာ ရောက်အောင် ရွေ့ယူပြီးပြီးဆိုရင် ပုံမှာ ပါတဲ့အတိုင်း လိုက်ဖက်မည့် Font colour ကိုပြောင်းပေးရပါမယ်....























ဒီမှာတော့ font ကို အကြီးအသေး လိုသလို ပြောင်ပေးဘို့ရန်အတွက်ဖြစ်ပါတယ်...
(1) ကလစ်ပါ...
(2) မှာအတိုင်း လိုက်ဖက်မည့် အရွယ်စားကိုပြောင်းလဲယူပါ....။





















ပုံထဲကအတိုင်း စာသားတွေပြောင်းပြီးသွားမယ်....လိုချင်တဲ့ ပုံစံမျိုးဖြစ်သွားပြီဆိုရင်တော့ ....


























(1) ကနေရာကိုကလစ်ပြီး.....
(2) print ထုတ်မလား save မလား.......
(3) print ထုတ်ရန်အတွက် ကလစ်လိုက်ရင်တော့ ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးထားတဲ့ Business Card လေးကို ပိုင်ဆိုင်နိုင်ပါပြီ....း)


အားလုံး အဆင်ပြေကြပါစေ......

Able2Extract 7.0.6.20 Professional - Portable

Able2Extract 7.0.6.20 Professional - Portable


ဒီ Software လေးကတော့ PDF ဖိုင်တွေကို Word, Excel, PowerPoint, Open Office, HTML, TXT စတဲ့ File type တွေကို convert လုပ်ပေးနိုင်ပါတယ်...။
Portable ဆိုတော့ Install လုပ်စရာလည်း မလိုပါဘူး...Serial လည်းမလိုဘူး...Continue Trial ကိုကလစ်ပေးပြီး သုံးရုံပဲ...။

 
သုံးရတာလည်း လွယ်တယ်...  



Download ယူပြီးရင် ဖိုင်ဖြည်လိုက်မယ်...ဖိုင်ဖြည်တာက မခက်ပါဘူး Able2Extract.rar ပေါ်မှာ Right click ===> Extract Here ကိုကလစ်ပြီးစောင့်ပေးလိုက်ရုံပါပဲ...။
ရလာတဲ့ Able2Extract ကို run လိုက်မယ်...။


 Continue Trial ကိုကလစ်မယ်....။




(1)ဒီမှာတော့ open ကိုကလစ်...။
(2) convert လုပ်မည့် PDF ကို ကလစ်...။
(3) open ကိုကလစ်...။




(1) select All ...။
(2)မှာတော့ ကိုယ်ပြောင်းယူချင်တဲ့ text file ကိုရွေးပြီး ကလစ်...။
 (3) မှာတော့ save လုပ်မည့်နေရာကိုရွေးပေးလိုက်.......။

မခက်ပါဘူးး...သဘောကျစရာလေးပါ....။

အဆင်ပြေကြပါစေ...



Thursday, July 19, 2012

Wireless Wi-Fi password တွေရှာကြည့်ရအောင်

ကျွန်တော်တို့်နေထိုင်ရာ အိမ်ပတ်ဝန်းကျင် သို့ အလုပ်လုပ်ကိုင်ရာနေရာ ဝန်းကျင်တွေမှာ များစွာသော Wireless Connection တွေ Available ဖြစ်နေတာကို တွေ့နိုင်ပါတယ် ဒါပေမယ့် password မသိရင်တော့ ဘယ်လိုနည်းနဲ့မှ Connect လုပ်လို့မရတာတော့ သိကြမှာပါ ...။
ဒီလိုဆိုတော့ ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်ရာ Wireless Network ရဲ့ Security Key ကို သိမှသာလျှင် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် အဲဒီတော့ အောက်မှာ  Security Key တွေကို ဘယ်လိုရှာရမယ်ဆိုတာကို Software နှင့်တကွ ရှင်းလင်းသွားပါမယ်...။

ပထမဆုံး  ဒီနေရာ ကနေ Wifilink ရဲ့ ISO ဖိုင်ကို Download ယူလိုက်ပါ စုစုပေါင်း 70MB သုံးပိုင်းနဲ့ 59.75MB ဆိုပြီးတော့ (၄) ပိုင်း ရှိပါတယ်....။
အဲဒီအပိုင်းလေးပိုင်းကို Download ယူပြီးရင် ဒီကောင်လေး နဲ့ ဖိုင်ပြန်ဆက်ပေးရပါ့မယ် ဖိုင်ပြန်ဆက်နည်းကိုတော့ အရင်က post တွေမှာလည်းရေးဖူးပါတယ် ဒါပေမယ့် နည်းနည်းလေးတော့ ပြန်ပြောပြမယ်ဗျာ ဖိုင်ပြန်ဆက်ရမည့် Program ကို Run ပြီးရင် Join ကိုကလစ်====>Input File မှာ စောစောက အပိုင်းလေးခုထဲက Part1 ကိုပေးလိုက် Output မှာတော့ သိမ်းမည့်နေရာပေါ့ဗျာ ပြီးရင်တော့ Start ကိုကလစ်ပြီး စောင့်ပေးလိုက်ပါ Wifilink ရဲ့ ISO ဖိုင်ကိုရလာပါလိမ့်မယ် CD အလွတ်တစ်ချက်နဲ့ Burn လိုက်ပါ Burnning Tool မရှိရင်တော့ Nero9 ကိုဒီနေရာမှာ သွားယူလိုက်ဗျာ Windoes 7 မှာဆိုရင် Window မှာပါတဲ့ Burner နဲ့တင် အလုပ်ပြတ်နိုင်ပါတယ်....။

တစ်ခုပြောဘို့ကျန်နေခဲ့တာက laptop တွေမှာဆိုရင်လည်း Wifi အားကောင်းတဲ့ Wireless card နဲ့ ဆွဲအားကောင်းရင်ကောင်းသလောက် အလုပ်မြန်မြန်ဖြစ်နိုင်ပါတယ် Desktop တွေအတွက်ဆိုရင် Wireless Card မစိုက်ထားရင် Wifi Adapter Antenna တစ်ခုခု ဝယ်မှ အဆင်ပြေနိုင်ပါလိမ့်မယ် ရိုးရိုး USB Adapter နဲ့လည်းရပါတယ် ဒါပေမယ့် ဆွဲအားမကောင်းတော့ ထင်သလောက်တော့ မမြန်ဘူးပေါ့ဗျာ...။ဆွဲအားကောင်းမှ Password ကိုမြန်မြန်ရနိုင်မှာပါ....။
ခါတိုင်းလို ပုံလေးတွေနဲ့ ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်.......။ 
အပေါ်ကပြောသွားတဲ့ အဆင့်တွေပြီးသွားပြီဆိုရင်တော့ စာဖတ်သူဆီမှာ Wifilink CD ရသွားပါပြီ ကွန်ပျုတာရဲ့ CD Drive ထဲကိုထည့်ပေးလိုက်ပါ ကွန်ပျုတာကို Restart လိုက်ပြီး Wifikink CD နဲ့ Boot တက်ပါ ဘာမှလုပ်ပေးစရာမလိုပါဘူး  Wifilink ရဲ့ Desktop ပေါ်လာတဲ့အထိ စောင့်ပေးလိုက်ပါ ပြီးရင် အောက်နားက Icon လေးတွေပေါ်မှာ တစ်ခုချင်း လိုက်ပြီး မောက်စ်ပွိုင့်တာကို တင်ကြည့်ပါ
minidwep gtk ဆိုတဲ့ icon လေးကို တွေ့ရပါလိမ့်မယ် ကလစ်ပေးလိုက်ပြီး နောက်တစ်ဆင့်မှာ OK ကိုကလစ်ပေးပါ...။
Channel မှာတော့ All ပေးထားပါ Encryption မှာတော့ WEP ကိုရွေးပေးပါ Injection rate ရဲ့တန်ဘိုးမှာတော့ 800 သို့700 ထားပေးလိုက်ပါ ပြီးရင် minidwep gtk Interface ရဲ့ ညာဘက် Tab တွေထဲက Scan ကိုကလစ်ပြီး စောင့်ပေးလိုက်ပါ Scan ပြီးသွားရင် ပေါ်လာတဲ့ Network Name တစ်ခုခု ကိုကလစ်ပြီး Lanch ကိုကလစ်ပေးပါ airodump-ng ဆိုတဲ့ comand prompt တက်လာပါလိမ့်မယ် အဲဒီအထဲမှာ PW-RXQ Beacon တို့ရဲ့အောက်မှာ ဂဏန်းတွေ ပြေးနေတာကို တွေ့ရပါလိမ့်မယ် Data အောက်မှာ ဂဏန်းတွေ တက်လာသလားဆိုတာ ကြည့်ရပါမယ် Data မတက်ရင်တော့ အလုပ်မဖြစ်ပါဘူး အဲဒီ comand prompt ကိုပိတ်ပစ်လိုက်ပြီး Abrot ကိုကလစ်ပေးပြီး တစ်ခြား Network Name ကိုကလစ်ပြီး စောစောက အတိုင်း lanch ကိုကလစ်ပါ အဓိက Data ပါပဲ Data တက်တာက နည်းနည်းတော့ ကြာတက်ပါတယ် Data တက်လာပြီး ဂဏန်းအရေအတွက် ၁ သောင်းကျော်လောက်အရောက်မှာ minidwep message ဆိုတဲ့ Box တက်လာရင်တော့ အဲဒီ Box ထဲမှာကြည့်လိုက်ပါ Hex key ဆိုတာရဲ့နောက်က နံပါတ်တွေ အက္ခရာတွေက ကျွန်တော်တို့လိုချင်တဲ့ Wireless key ပဲဖြစ်ပါတယ်..။
Key ကိုရေးပြီး မှတ်ထားလိုက်ပါ ပြီးရင် close === Exit ပြီး စောစောက Desktop ပေါ်က Logout ဆိုတဲ့ icon လေးကိုကလစ်ပါ နောက်တစ်ဆင့်မှာတော့ Reboot ကိုကလစ်ပြီး CD Room ထဲက အခွေကိုထုတ်ယူလိုက်ပါ ...။
စောစောက Scan လုပ်ခဲ့တဲ့ Network Name ကိုကလစ်ပြီး ရလာတဲ့ Key ရိုက်ထည့်ပါ connect လုပ်ကြည့်ပါ...။

ဒါပေမယ့် အထက်ကပြောခဲ့တာတွေဟာ WEP တွေအတွက်သာဖြစ်ပြီး WPA/WPA2 တွေတော့ မရသေးပါဘူး ကျွန်တော်လည်း ကလိနေဆဲပါပဲ ထပ်ပြီးသိရရင်တော့ တင်ပေးပါဦးမယ်...။

ဒီနည်းပညာကို မျှဝေပေးခဲ့တဲ့ ကိုအောင်ကျော်ဖြိုးနှင့် ကိုအချိုင်းတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်....


 အဆင်မပြေတာ နားမလည်တာများရှိရင်တော့ crooner86@gmail.com ကို မေးလ်ပို့မေးမြန်းနိုင်ပါတယ်...