..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Tuesday, December 28, 2010

ကွန်ပျုတာကို ထမင်းမေ့ဟင်းမေ့ သုံးတက်သူတွေအတွက်



အမြင် တစ်မျိုးဆန်းတဲ့ Skin လန်းလန်းလေးတွေနဲ့ နာရီလေးတွေ Dasktop ပေါ်မှာ တင်ထားလို့ရသလို Alarms လည်းပေးထားလို့ရပါတယ်ဗျာ....။
ကွန်ပျုတာ သုံးနေရင်းကနေ တစ်ခြားလုပ်စရာတစ်ခုခု ဒါမှမဟုတ် သွားစရာတစ်ခုခု ရှိနေခဲ့မယ် အဲဒီအချိန်ကို သတိပေးဘို့ ဒီကောင်လေးက ကူညီပေးနိုင်ပါလိမ့်မယ်...။
File Size ကလည်း 1 MB မပြည့်တာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ယူထားလိုက်ကြပါလေ...
ကဲ စကားတွေရှည်မနေတော့ပါဘူး အောက်မှာ စပြီ....




Install လုပ်ပြီးရင် ခုလို Clock ပုံကို တွေ့ရပါလိမ့်မယ် တကယ်လို့ မတွေ့ရဘူးဆိုရင်တော့ Start menu ===> All Program ကနေဖွင့်လိုက်ပါ...။
အခု Skin ပြောင်းတာလေး ရှင်းပြပါ့မယ်..
ပုံထဲကအတိုင်း နာရီပေါ်မှာ Right Click ပြီး Options ပေါ့ဗျာ...



Options မှာ Appearance tab ကိုကလစ်ပြီး ပုံထဲကအတိုင်း Background အောက်မှာ စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်....



ဒီမှာတော့ Alarms ပေးရန်အတွက်ကို ရှင်းပြပေးသွားပါမယ်...
ပုံထဲကအတိုင်း နာရီပေါ်မှာ Right Click ပြီး Alarms ကိုကလစ်ပေးပါ...



ပုံထဲကအတိုင်း New ကိုကလစ်ပေးပါ....



(1)မှာတော့ အဆင်ပြေသလိုသာ ရွေးပေးလိုက်ပါ...
(2) မှာတော့ Alarms Song သို့မဟုတ် Video ကိုရွေးပေးလိုက်ပါ...
(3) မှာတော့ Alarms မြည်လာတာနဲ့ အဲဒီအချိန်မှာ အချိန်ကိုက် ဖွင့်ရမည့် Program ကို ရွေးပေးနိုင်ပါတယ်...
ပြီးရင်တော့ OK ကိုကလစ်ပေါ့ဗျာ...

မိမိ Alarms ပေးထားတဲ့ အချိန်ကိုရောက်ရင်တော့ အောက်က ပုံထဲကအတိုင်း သတိပေးပါလိမ့်မယ်...



ကွန်ပျုတာသုံးရင်း တစ်ခြားလုပ်စရာတွေကို မေ့လျော့တက်ကြလွန်းရင် အောက်မှာ Download လုပ်ယူသွားလိုက်ကြပါခင်ဗျာ....

ဒီမှာယူ...

ဒီမှာယူ...

No comments:

Post a Comment