..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Tuesday, March 8, 2011

ဘာရယ် မဟုတ် ရေးလိုက်တာ...

'' အသိမဲ့ ရှင်သန်းခြင်း''


နေ့ရက်တွေကို လက စားတယ်
လ တွေကို နှစ် က စား
ငါ့အချစ်တွေ ကိုတော့
အချိန်တွေက ဝါးမျိုသွားကြ....

ဗလာကျင်းနေတဲ့ ဒီရင်ခွင်နဲ့
ချစ်ခြင်းလည်း ကင်းချင်မိတယ်
မုန်းခြင်းလည်း ကင်းချင်မိတယ်
အသိတရာလည်း ကင်းချင်မိတယ်...

အသိညာဏ်မဲ့
ရှင်သန်ခြင်းနဲ့ ''ငါ''
ဖြစ်ခွင့်ရမယ် ဆိုရင်
ဖြစ်ချင်မိတယ် သစ်ပင် တစ်ပင်ပေါ့....

No comments:

Post a Comment