..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Sunday, April 24, 2011

မိမိအတွက် အရေးပါတဲ့ File နဲ့ Folder တွေကို သော့ခတ်ထားရအောင်


ကွန်ပျုတာထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေ နဲ့တစ်ခြားအချက်လက်တွေ ကိုတစ်ခြားသူတွေ ကူးယူတာပဲဖြစ်ဖြစ် ကြည့်တာပဲဖြစ်ဖြစ် မမြင်စေချင်တာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် Hide လုပ်ထားမယ် lock ချထားမယ် ဆိုရင်တော့ GiliSoft File Lock Pro က ကူညီပေးနိုင်ပါလိမ့်မယ်....။
စကားတွေ မရှည်တော့ဘူးဗျာ ဖိုင်တွေကို hide လုပ်ထားလို့ရတယ် lock ချထားလို့ရတယ် ဘယ်လိုလုပ်မလဲ အောက်မှာ နည်းနည်းလင်းပြခဲ့မယ်........း)


ဒီနေရာကနေ အရင်ဆုံး GiliSoft File Lock Pro ကိုသွားယူလိုက် ပြီးရင် ဖိုင်ဖြည်ပြီး Install လုပ်ကြရတော့မယ်ဆိုတော့ ပထမဆုံးတွေ့ရတာလေးက....


(1) ကတော့ password ရိုက်ထည့်ပေးရပါမယ် စာလုံးအရေအတွက်သတ်မှတ်မထားပါဘူး ကိုယ့်မှတ်မိလွယ်တာလေးကိုပဲပေးထားရင် ကောင်းပါတယ်...။

(2) မှာတော့ အပေါ်က ရိုက်ထားခဲ့ တဲ့ password ကို ပြန်ပြီးရိုက်ထည့်ပေးရပါမယ်...။

(3) မှာတော့ အကယ်၍ များ ကိုယ်ပေးထားတဲ့ password မေ့သွားခဲ့ရင် အသုံးပြုလို့ရအောင် Email လိပ်စာ တစ်ခုခုကို ရိုက်ထည့်ပေးရပါမယ်...။

(4) မှာတော့ အပေါ်က နံပါတ် (၃) မှာ ရိုက်ထည့်ထားခဲ့တဲ့ Email ကိုပြန်ရိုက်ထည့်ပေးပါ ပြီးရင်တော့  နံပါတ် (5) Next ကိုကလစ်ပေးပြီး ကျန်တာတွေကတော့ လွယ်သွားပါပြီ....။
Install ပြီးတာနဲ့ Download ယူလာခဲ့တဲ့ ဖိုင်ထဲမှာ Patch Floder လေးရှိပါတယ် အဲဒီထဲက patch ကို run ပါ Antivirus ကိုတော့ run မလုပ်ခင်မှာ ပိတ်ထားဘို့လိုမယ်ဗျ မဟုတ်ရင် patch ကို run လို့ရမှာမဟုတ်ဘူး.......။
run တာကတော့ patch exe ကို Double Click ပြီး အောက်နားက  Patch ဆိုတဲ့ Buttom လေးကို ကလစ်ပေးလိုက်ရုံပါပဲဗျာ...။

ပြီးရင်တော့ File lock pro ကို run ရင် password တောင်းတဲ့ box လေးတွေ့ရပါလိမ့်မယ် အပေါ်မှာကျွန်တော်တို့ပေးထားတဲ့ password ကို ရိုက်ထည့်ပေးပြီး OK ကလစ်လိုက်ပါ...။


ဒီအဆင့်မှာတော့ ...
(1) ဖိုင်တွေကို ဖျောက်ထားချင်တယ် ဆိုပါတော့ဗျာ Hide Files ကိုကလစ်ပေးလိုက်ပြီး
(2) မှာပြထားတဲ့ Add Files ကိုကလစ်ပေးပါ...။


ဒီအဆင့်မှာတော့.....
 (1) ကိုယ်က ဖျောက်ထားချင်တဲ့ (Hide) လုပ်မည့်ဖိုင်ကိုရွေးပေးပြီးရင်တော့...
(2) Open ကိုကလစ်ပေးလိုက်ပါ....


(1) မိမိ hide လုပ်ချင်တဲ့ File ဝင်လာရင်တော့ အဲဒီရှေ့မှာ check လုပ်ပေးဘို့လိုပါမယ် ပြီးရင်တော့
(2) Hide Files ကိုကလစ်ပေးလိုက်ပြီး စောစောက ဖိုင်ရှိနေတဲ့နေရာကို ပြန်သွားကြည့်ပါ ရှိသေးလားလို့ပေါ့ဗျာ...


hide လုပ်ပြီး နောက်ပိုင်းကိုယ်အသုံးလိုလို့ ပြန်လိုချင်ရင်တော့ ပုံမှာပြထားတဲ့အတိုင်းလုပ်ပေးလိုက်ရုံပဲ...
Protection ===>Hide Data===>Hide Files ကိုကလစ်ပေးလိုက် အောက်မှာ ဆက်ကြည့်....


Hide လုပ်ထားတဲ့ File ကိုပြန်ပြီး Show လုပ်မယ်ဆိုတော့ .....
(1) Hide လုပ်ထားတဲ့ ဖိုင်ရဲ့ရှေ့မှာ Check လုပ်ပေးပါ.....
(2) Show Files ကိုကလစ်ပေးလိုက်ရင် အဲဒီဖိုင်ရဲ့ မူရင်းနေရာမှာ ဖိုင်ကို ပြန်တွေ့နိုင်ပါလိမ့်မယ်....

Lock ချထားမယ်ဆိုလည်း ဒီ process တွေအတိုင်းပဲလုပ်ပေးရမှာပါပဲ ကွဲပြားတာက Hide Data မှာ ဖိုင်ကပျောက်နေမှာဖြစ်ပြီး Lock Data မှာတော့ File ကိုဘယ်လိုပဲဖွင့်ဖွင့် ဖွင့်လို့ရမှာ မဟုတ်ပါဘူး Folder သို့ File ကိုတော့ နဂိုရှိရင်းနေရာမှာပဲ တွေ့နိုင်ပါတယ်...။
အကယ်၍ pasword မေ့သွားခဲ့ရင်တော့ အောက်မှာကြည့်ပါ...


Retrieve Password ကိုကလစ်ရင် ကျွန်တော်တို့ Install မလုပ်ခင်မှာ ပေးထားခဲ့တဲ့ Email ထဲကို သူက password ကိုပြန်ပို့ပေးတယ်ဗျ...။
အကယ်၍ password ပြောင်းချင်တာ Email ပြောင်းချင်တာဆိုရင်တော့ အောက်မှာကြည့်ပါ....



General Tab ရဲ့အောက်က Password ကိုကလစ်ရင် ပုံမှာ တွေ့ရတဲ့အတိုင်း Change Password အောက်မှာ Password အသစ်ကိုရိုက်ပေးပြီး Change ကိုကလစ်...။
Email လည်း ဒီအတိုင်းပဲ သွားမယ်ဗျာ........။

အဆင်ပြေကြပါစေ....

No comments:

Post a Comment