ကွန်ပျုတာသုံးတဲ့သူ တစ်ရာမှာ ကိုးဆယ်လောက်ကတော့ ကွန်ပျုတာကို နင်းကန်ခွသုံးဘိုလောက်ပဲသိပြီး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဘို့ကိုတော့ ပျက်ကွက်ကြတာများပါတယ်....:P
အခု ဒီပို့စ်လေးမှာတော့ ကွန်ပျုတာ System ကိုအမြဲတမ်းပေါ့ပါးမြန်ဆန်နေအောင် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကိုပြောပြပေးပါမယ်......။
ကွန်ပျုတာကို သုံးနာရီလောက် အသုံးပြူဘို့ အချိန်ပေးနိုင်ရင် System အတွက် အချိန်လေး (၁၅) မိနစ်လောက်တော့ ပေးလိုက်ပါ.........။
ဘာတွေလုပ်သင့်သလဲ ဘာတွေရှိသင့်သလဲ စမယ်.......
(၁) ကွန်ပျုတာကို Virus မဝင်နိုင်အောင် Antivirus Program တစ်မဟုတ်တစ်ခု ရှိရပါမယ် Antivirus တွေအများကြီး free ပေးတဲ့ program တွေရှိသလို ဝယ်ယူရတာတွေလည်း ရှိပါတယ်....အဲ့ဒီထဲကမှ Free ware ဖြစ်ပြီး သုံးလို့ ကောင်းတဲ့ Program လေးနှစ်ခုကိုပေးချင်ပါတယ်....ပထမတစ်ခုကတော့ Spybot (ဒီနေရာမှာ ယူပါ) Malware တွေကို တားဆီးနိုင်သလို ရှာပြီးတော့လည်း သတ်နိုင်ပါတယ်....နောက်တစ်ခုကတော့ Ad Aware (ဒီနေရာမှာယူပါ) Free ပေးထားတဲ့ Antivirus ပါ အလကားပေးထားတာပဲဆိုပြီး အထင်မသေးပါနဲ့ ကျွန်တော်လည်း ဒီကောင်လေးပဲ သုံးနေတာ (ဝယ်ပြီး သုံးရတာတွေလည်း မသုံးချင်ဘူး......ပိုက်ဆံအကုန်မခံနိုင်တာလည်း ပါတာပေါ့း)....
(၂) အသုံးမပြုတော့တဲ့ program နဲ့ File တွေကို Delete လုပ်ပါ...... အသုံးမပြုတော့တဲ့ windows components တွေကို ဒီလမ်းကြောင်းအတိုင်းသွားပြီး ရှင်းပါ start>settings>control panel>add or remove
programs>add/remove windows components.....
(၃) ဒီလမ်းကြောင်းအတိုင်းသွားပြီး disk cleanup လုပ်ပေးပါ start>all programs>accessories>system tools>disk cleanup ........
(၄) hard drives ကို Defragment လုပ်ပေးပါ ဒီလမ်းကြောင်းအတိုင်းသွားပါ start>all programs>accessories>system tools>disk defragmenter......
အထက်ကပြောခဲ့တဲ့ အချက်လေးတွေ လုပ်ဘို့ အချိန်အများကြီးမပေးရသလို အရမ်းလည်း အပန်းမကြီးပါဘူး.......ပုံမှန်လေးလုပ်ပေးနိုင်လေ System အတွက် ကောင်းလေပါပဲ........။
No comments:
Post a Comment