..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, March 8, 2011

ဘာရယ် မဟုတ် ရေးလိုက်တာ...

'' အသိမဲ့ ရှင်သန်းခြင်း''


နေ့ရက်တွေကို လက စားတယ်
လ တွေကို နှစ် က စား
ငါ့အချစ်တွေ ကိုတော့
အချိန်တွေက ဝါးမျိုသွားကြ....

ဗလာကျင်းနေတဲ့ ဒီရင်ခွင်နဲ့
ချစ်ခြင်းလည်း ကင်းချင်မိတယ်
မုန်းခြင်းလည်း ကင်းချင်မိတယ်
အသိတရာလည်း ကင်းချင်မိတယ်...

အသိညာဏ်မဲ့
ရှင်သန်ခြင်းနဲ့ ''ငါ''
ဖြစ်ခွင့်ရမယ် ဆိုရင်
ဖြစ်ချင်မိတယ် သစ်ပင် တစ်ပင်ပေါ့....

Thursday, February 24, 2011

'''' အတ္တ ခါး''''

အဖြစ်ပျက်တွေက
မနေ့တစ်နေ့ကလို
နွေးနွေးလေး ခံစားမိဆဲ
နာကြင်ဆဲ နောင်တတွေနဲ့
ရင်ခုန်ဆဲပဲ....

ဒီည....
လှပပျုငှာတဲ့ အပြုံးနဲ့ မင်းမျက်နာလေး
တစက္ကန့်လောက် တွေ့ခွင့်ပေးပါ
နှလုံးသားက အော်ဟစ်
အသဲက ငိုကြွေး
စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလေးပဲ ဖြစ်ဖြစ်
တွေ့ခွင့်ပေးပါ....

တဆတ်ဆတ် ရင်ခုန်သံတွေနဲ့
ဒီတစ်ကြိမ်ဒူးထောက်ရင်း
ကြယ်တွေကိုမော့ ကြည့်
ငါ ဆုတောင်းမိတယ်
နွေးထွေးတဲ့ လက်တစ်စုံနဲ့
မင်း လာလို့ ထွေးဖက်ပါစေ...

ခံစားရတာတွေက
ရင်နဲ့ မဆန့်
အချစ်တွေက မွန်းကြပ်
အသဲအိမ်ထဲက ဖောက်ထွက်...
နှိုင်းယှဉ်ပြစရာမဲ့...
အစွန်းရောက် အတ္တတွေနဲ့
နင့်ကို ချစ်မိခဲ့......


ဖြူလျတဲ့အဆင်းနဲ့ နတ်သမီးအလား
ကြည်မြတဲ့ မျက်ဝန်းနဲ့ကြည့်လို့
ငါ့ဘဝနဲ့ လက်ကိုတွဲရင်း
မြတ်နိုးခြင်း အနမ်းတွေချွေမိတော့ ....
အချစ်ပန်းတွေ ဝေဆာဖူးတဲ့
ဒီအခန်းလေးထဲ....
ခုတော့အရာအားလုံးက မွဲခြောက်လို့
ငါ့ အသဲလည်း အရူးမီးစွဲခဲ့...

တသသ လွမ်းဆွတ်ရင်း တမ်းတနေမိ
ငါ့အတ္တကြောင့် ခါးခဲ့
မင်း အချစ်တွေကြောင့်
ချိုမြိန်ခဲ့တဲ့ရက်တွေ
တိုတောင်းလွန်းပေမယ့်
ခုတော့ ရှည်လျားတဲ့
အတိတ်တွေအဖြစ်နဲ့
ငါ့ ရင်ထဲလည်း အတ္တရဲ့ မီးတို့လောင်ကျွမ်းနေတယ်..