ကွန်ပျုတာသုံးတဲ့သူ တစ်ရာမှာ ကိုးဆယ်လောက်ကတော့ ကွန်ပျုတာကို နင်းကန်ခွသုံးဘိုလောက်ပဲသိပြီး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဘို့ကိုတော့ ပျက်ကွက်ကြတာများပါတယ်....:P
အခု ဒီပို့စ်လေးမှာတော့ ကွန်ပျုတာ System ကိုအမြဲတမ်းပေါ့ပါးမြန်ဆန်နေအောင် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကိုပြောပြပေးပါမယ်......။
ကွန်ပျုတာကို သုံးနာရီလောက် အသုံးပြူဘို့ အချိန်ပေးနိုင်ရင် System အတွက် အချိန်လေး (၁၅) မိနစ်လောက်တော့ ပေးလိုက်ပါ.........။
ဘာတွေလုပ်သင့်သလဲ ဘာတွေရှိသင့်သလဲ စမယ်.......
(၁) ကွန်ပျုတာကို Virus မဝင်နိုင်အောင် Antivirus Program တစ်မဟုတ်တစ်ခု ရှိရပါမယ် Antivirus တွေအများကြီး free ပေးတဲ့ program တွေရှိသလို ဝယ်ယူရတာတွေလည်း ရှိပါတယ်....အဲ့ဒီထဲကမှ Free ware ဖြစ်ပြီး သုံးလို့ ကောင်းတဲ့ Program လေးနှစ်ခုကိုပေးချင်ပါတယ်....ပထမတစ်ခုကတော့ Spybot (ဒီနေရာမှာ ယူပါ) Malware တွေကို တားဆီးနိုင်သလို ရှာပြီးတော့လည်း သတ်နိုင်ပါတယ်....နောက်တစ်ခုကတော့ Ad Aware (ဒီနေရာမှာယူပါ) Free ပေးထားတဲ့ Antivirus ပါ အလကားပေးထားတာပဲဆိုပြီး အထင်မသေးပါနဲ့ ကျွန်တော်လည်း ဒီကောင်လေးပဲ သုံးနေတာ (ဝယ်ပြီး သုံးရတာတွေလည်း မသုံးချင်ဘူး......ပိုက်ဆံအကုန်မခံနိုင်တာလည်း ပါတာပေါ့း)....
(၂) အသုံးမပြုတော့တဲ့ program နဲ့ File တွေကို Delete လုပ်ပါ...... အသုံးမပြုတော့တဲ့ windows components တွေကို ဒီလမ်းကြောင်းအတိုင်းသွားပြီး ရှင်းပါ start>settings>control panel>add or remove
programs>add/remove windows components.....
(၃) ဒီလမ်းကြောင်းအတိုင်းသွားပြီး disk cleanup လုပ်ပေးပါ start>all programs>accessories>system tools>disk cleanup ........
(၄) hard drives ကို Defragment လုပ်ပေးပါ ဒီလမ်းကြောင်းအတိုင်းသွားပါ start>all programs>accessories>system tools>disk defragmenter......
အထက်ကပြောခဲ့တဲ့ အချက်လေးတွေ လုပ်ဘို့ အချိန်အများကြီးမပေးရသလို အရမ်းလည်း အပန်းမကြီးပါဘူး.......ပုံမှန်လေးလုပ်ပေးနိုင်လေ System အတွက် ကောင်းလေပါပဲ........။
အလည်ရောက်သူအားလုံး..ပျော်ရွှင်ပါစေ....အိပ်မက်ကမ္ဘာမှကြိုဆိုပါတယ်၊၊၊၊၊၊၊၊၊၊
Showing posts with label နည်းလမ်း. Show all posts

Wednesday, August 1, 2012
Monday, July 30, 2012
Internet browser တွေ စဖွင့်လိုက်တာနဲ့ ကိုယ်နောက်ဆုံးဖွင့်ခဲ့တဲ့ Browsing session အတိုင်းပြန်ရအောင်
Internet Browser တွေမှာ ဘယ်လို setting လုပ်မလဲ သိတဲ့သူတွေလည်း ကျော်သွားလိုက်ပေါ့...မသိတဲ့သူတွေဖတ်ပေါ့ဗျာ......။
Browser ကိုစတာနဲ့ နောက်ဆုံးဖွင့်ခဲ့တဲ့ last browsing session Tab တွေအတိုင်း ရအောင် အောက်မှာ ရှင်းပြပေးပါမယ်...။
ကျွန်တော်ဆိုရင်တော့ Mozilla ဖွင့်တာနဲ့ အနည်းဆုံး Tab က လေးခုပဲ Gmail,Blog,facebook နှင့် တစ်ခြား Website အနည်းဆုံး တစ်ခုကနေ သုံးခုလောက်ထိတစ်ခါးတည်းဖွင့်ပစ်လိုက်တယ်...တစ်ခါတစ်လေကျတော့ မှားပြီး ပိတ်မိတာရှိတယ်...ဒါမှမဟုတ်လည်း စက်က Restart ကျတာရှိတယ်....အဲ့လိုဖြစ်သွားရင် စောစောက ဖွင့်ထားတာတွေ တစ်ခုခြင်းဆီ ပြန်ပြီးလိုက်ဖွင့်နေရရင် အလုပ်က မဟုတ်သေးဘူး အဲ့ဒါကြောင့် ဒီ Setting လုပ်ထားဖြစ်တာ.......။
စကားတွေမရှည်တော့ဘူး........စပြီ.......။
Mozilla မှာပါ....
ပုံထဲကအတိုင်း Option ကို ကလစ်လိုက်ပြီ.........
Start up.....
When Firefox start မှာ ပုံထဲကအတိုင်း Show my windows and tsbs from last time ကိုကလစ်ပေးပြီး OK လိုက်ရင်ရပါပြီ........။
Chrome မှာပါ...
ပုံထဲကအတိုင်း Setting ကိုသွား.........။
On start up...
ပုံထဲကအတိုင်း Continue where i left off ကို check ပေးလိုက်ရင် ရပါပြီ........။
Opera မှာပါ...
ပုံထဲကအတိုင်း setting==>Preferences ကိုကလစ်ပါ........။
Start up.....
ပုံထဲကအတိုင်း Continue from last time ကလစ်ပြီး OK လိုက်ရင်ရပါပြီ..........။
Safari မှာပါ......
Gear icon ကိုကလစ်ပြီး ပုံထဲကအတိုင်း Preferences ကိုကလစ်ပါ........။
ပုံထဲကအတိုင်းပဲ Safari opens with မှာ All windows from last session ကိုကလစ်ပြီး OK လိုက်ရင်ရပြီ...။
IE မှာတော့ ဒီ Option က အပေါ်ကကောင်တွေလောက်မလွယ်ဘူး လုပ်လို့တော့ရတယ်....။
ပုံထဲကအတိုင်း New Tab Button ကိုကလစ်ပါ...
ပုံထဲကအတိုင်း Reopen last session ကိုကလစ်ရင်ရသလို........။
Internet Option ကိုသွားမယ်..........
ပုံထဲကအတိုင်း Homepage မှာ about:tabs လို့ရိုက်ထည့်ပေးပြီး OK လိုက်ပါ................။
အားလုံး အဆင်ပြေကြပါစေ...........။

windows 7 နှင့် windows vista မှ my computer ကို taskbar မှာ ဘယ်လို Add လည်း
သိတဲ့သူတွေလည်း သိပါတယ်......မသိတဲ့သူတွေလည်း မသိဘူးပေါ့......။
မေးလ်ထဲက သူငယ်ချင်းတစ်ယောက်က မေးတယ်....computer menu ကို taskbar မှာထားချင်တယ် အဲ့ဒါ ဘယ်လိုလုပ်ရလဲဆိုလို့ဗျ......။
computer မှ မဟုတ်ပါဘူး ကိုယ်အမြဲ သုံးနေကျ Folder တွေကိုလည်း ဒီနည်းလမ်းလေးအတိုင်း taskbar မှာ Add လုပ်လို့ရပါတယ်....လွယ်လွယ်လေးပါ........။
Taskbar ပေါ်မှာ Right Click ပြီး ပုံထဲကအတိုင်း Toolbars===>New Toolbar ကိုကလစ်........။
Computer ကို add မှာဆိုတော့ computer ကိုကလစ်===> Select Folder ကိုကလစ်......။

ပုံထဲက အတိုင်း computer ဘေးက မျှားလေးပေါ်မှာ ကလစ်လိုက်ရင် ထွက်လာတဲ့ pop up menu ထဲကနေ ကိုယ်လိုချင်တဲ့ Drive သို့ Folder ထဲကို မြန်မြန်ဆန်ဆန်လေး ဝင်သွားနိုင်ပြီပေါ့........။
Monday, March 14, 2011
Windows7 မှာ Software Update တွေပိတ်ထားရအောင်...
ကျွန်တော်လည်း Blog မှာပဲရေးတော့မယ်လို့ ဆုံးဖြတ်ပြီးမှ ဒီမှာပြန်ရေးဖြစ်တယ်ဗျာ ....
အကြောင်းကတော့ အဆင်မပြေဘူး ဘာလို့အဆင်မပြေလည်းဆိုတော့ မြန်မာပြည်ကလူတွေ ကျော်ခွပြီးမှ ဝင်ကြရလို့ပဲ တစ်ချို့က ဝင်လို့မရဘူးပြောတယ် တစ်ချို့ကတော့ မနည်းကြီးကို ကျော်ရခွရပါတယ်တဲ့...
Domain တော့ လုပ်နေတယ် မရသေးဘူး ရရင်တော့ Link ချိတ်ပေးမယ်.....း)
ဒီ post ကိုလည်း မရေးတော့ဘူးလို့နေရင်းက မသိသေးသူတွေအတွက် အကျိုးမယုတ်တာမို့ ရေးလိုက်ရတယ်ပေါ့ဗျာ သိတဲ့သူတွေကတော ကျော်ပြီးဖတ်သွားလိုက်ကြပါ...။
ကျွန်တော်တို့ Software တွေရှာပါတယ် ကိုယ်တိုင်စမ်းသုံးကြည့်ပြီး ကောင်းနိုးရာရာလေးတွေဆိုရင် မျှဝေပေးပါတယ် ဝါသနာလည်း ပါသလို ပျော်လည်းပျော်ပါတယ်....။
အဲလိုရှာတယ် ပြီးတော့ တင်တယ် အဲဒီမှာ တစ်ချို့ Software တွေက licence နဲ့ တစ်ချို့တွေလည်း freeware တွေပေါ့ဗျာ...
licence နဲ့သုံးရတဲ့ Software တွေမှာ တစ်ချို့က Serial တစ်ခုပဲပါတယ် တစ်ချို့ကြတော့လည်း တစ်ခုထက်ပိုပါတာတွေတွေ့ဖူးပါတယ်..
အဲဒီမှာ Download ယူပြီး သုံးကြသူတွေက တစ်ယောက်ထက်ပိုနိုင်တယ် ပြဿနာကတော့ အဲဒီကစတော့တာပေါ့ဗျာ Serial က သုံးမရဘူးတို့ Valid မဖြစ်ဘူးတို့ စသည်ဖြင့်ပေါ့ ပြဿနာတက်ကြရော......း)
Software တစ်ခုကို Register လုပ်တော့မယ်ဆိုရင် အကောင်းဆုံးကတော့ Internet Connection ကိုပိတ်ထားပြီးမှ လုပ်တာပါပဲ...။
Registered ဖြစ်သွားရင်တော့ Update မလုပ်မိဘို့ သတိပြုရမှာ ဖြစ်ပါတယ် ဒီနေရာမှာ တစ်ခုပြောချင်တာက ကိုယ်သုံးနေတဲ့ Software တစ်ခုကို Update လုပ်လို့ ဘယ်လို ကောင်းကျိုးမှ ပိုပြီးရှိမလာနိုင်ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က ဝယ်ပြီးသုံးခဲ့ကြတာ မဟုတ်လို့ပါပဲ ဒါကြောင့် Update တွေကို ပိတ်ထားလိုက်ဘို့ လိုအပ်ပါတယ် ဘယ်လိုပိတ်ရမလဲဆိုတာတော့ အောက်မှ အဆင့်ဆင့် ရှင်းပြပေးထားပါတယ်....။

ပထမဆုံးအနေနဲ့ Start menu ===> Control Panel ကိုသွားပြီး ပုံထဲမှာပြထားတဲ့ အတိုင်း System and Security ကိုကလစ်ပါ...။

ဒီမှာတော့ Windows firewall ကိုကလစ်ပေးပါ...။

Allow a program or feature through windows firewall ကိုကလစ်ပေးပါ...။

Change setting ကိုကလစ်ပေးပါ....။

ဒီမှာတော့ နံပါတ်စဉ်တွေအလိုက် ပြထားတဲ့အတိုင်း...။
(1) Allow another program ကလစ်...
(2) Update ပိတ်မည့် program ကိုကလစ်....
(3) Add ကိုလစ်ပေးပါ...

(1) Uncheck လုပ်ပေးလိုက်ပါ (အမှန်ခြစ်လေးကို ကလစ်တစ်ချက်နှိပ်ပြီး ဖျောက်ပေးပါ)....။
(2) Ok ကိုကလစ်လိုက်ပါ Update ပိတ်ထားပြီးဖြစ်လို့ Licence ပြဿနာတွေက ဝေးနိုင်သမျှဝေးနိုင်ကြပါစေခင်ဗျာ.....။

Thursday, February 24, 2011
HDD ကို partition ပိုင်းကြည့်ရအောင်
EASEUS Partition Master Home Edition

ဝင်းဒိုးတင်ပြီးမှ partition ပြန်ပိုင်းချင်တဲ့သူတွေအတွက်ပါ..။
အကိုတစ်ယောက်က မေးထားတာနဲ့ကျွန်တော်လည်း ရှာကြည့်လိုက်တော့ ဒီ software ကိုသွားတွေ့တာ Free ပေးတာပါပဲ သုံးရတာလည်း အရမ်းလွယ်တယ် အောက်မှာ ပုံတွေနဲ့ရှင်းပြပေးမယ်..။

ဒီပုံထဲကလို ကိုခွဲယူမည့် drive ကိုကလစ်လိုက်...
ဒီပုံထဲကလို ကလစ်ပြီးရင်တော့ ResizeMove ဆိုတဲ့မှင်ဝိုင်းထားတဲ့နေရာကိုကလစ်...
ဒီ partition size က စုစုပေါင်း 205243.0 MB ပေါ့ဗျာ ကျွန်တော်က 1 GB ရှိတဲ့ partition အသစ်တစ်ခုထပ်ပြီးခွဲမှာဆိုတော့ အဲဒီမျှားပြထားတဲ့နေရာက partition size ဆိုတဲ့အကွပ်ထဲမှာ 204243.0 လို့ရိုက်ထည့်လိုက်မယ်ပြီးရင်တော့ OK ကလစ်ပေါ့ဗျာ..။
ဒီပုံထဲကလို 999.52 MB Unallocated ဆိုပြီးပေါ်လာပါလိမ့်မယ်...။
ဒီပုံထဲကလိုကလစ်လိုက် ပြီးရင်တော့ အပေါ်နားက မှင်ဝိုင်းပြထားတဲ့ create ကိုကလစ်ပေါ့ဗျာ..။
နံပါတ် (၁) မှာလို ပေးချင်တဲ့နာမည်လေးပေးလိုက်ပေါ့ ကျွန်တော်ကတော့ mydata လို့ပေးလိုက်တယ်...။
နံပါတ် (၂)မှာကတော့ logical,primary စသည်ဖြင့်ပေါ့...။
နံပါတ်(၃) မှာကတော့ file systems ပေါ့ NTFS ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ ပြီးရင်တော့ OK ...။
ဒီမှာတော့ စောစောက ကျွန်တော်ပေးထားတဲ့ mydata ဆိုတဲ့နာမည်နဲ့ ရောက်လာရင် အထက်နားက Apply ကိုကလစ်လိုက်ဗျာ..။Apply ကိုကလစ်ပြီးရင်တော့ ကျလာတဲ့ dialogue Box ထဲက YES ကို နှစ်ကြိမ်လုံး ကလစ်ပေးလိုက်ဗျာ
စောင့်ပေးလိုက် ပြီးရင်တော့ Mycomputer မှာ ကြည့်လိုက် partition အသစ်ကိုတွေ့ရပါလိမ့်မယ်ဗျားးးး....။
EASEUS Partition Master ကိုတော့ ဒီမှာသာ ယူလိုက်ကြဗျာ Free ပဲ...။
Winrar နဲ့ဖိုင်တွေဘယ်လိုခွဲမလဲ
သိတဲ့သူတွေတော့ မပါဘူးနော် မသိသေးတဲ့သူတွေအတွက်ပါ..။
comment ကနေမေးထားလို့ပါ သူမေးထားတာကတော့...
mayyy sayar shi tal,,, akhu swe` htarr te` file twe ko,, CD ne` le` burn chin booo,,, memory stick ne` le` ,, pyout mar soe lot,, ma thane chin boo,,,, email hte` mar thanne htarr chin tal,,file size ka,, kyii tot,, save lote ma ya booo,,, zip file ne` chote pi,, thane lot ya tal lot,,, kyarr boo tal,, a' dar thi yin,, pyaw pya....
အဲဒီတော့ Gmail မှာ attchment ဆွဲရင် ဖိုင်ဆိုဒ်က အများဆုံး 25 MB ပဲရပါတယ်တဲ့..။အဲလိုဆိုတော့ winrar နဲ့ဖိုင်ခွဲရင် 25 MB size နဲ့ပဲဖိုင်တွေခွဲပေးရမှာပေါ့ဗျာ..။
Winrar နဲ့ ဖိုင်ခွဲမည့်ဖိုင်ရဲ့အပေါ်မှာ Right Click ပြီးရင်ကျလာတဲ့ menu ထဲက Add to archive ကိုကလစ်ပေးလိုက်ပါ အောက်က ပုံထဲကအတိုင်းတွေ့ရပါလိမ့်မယ်..။

(1) Archive name မှာတော့ ကိုခွဲပေးမည့်ဖိုင်ရဲ့အမည်ပေါ့ဗျာ...
(2) Archive format မှာတော့ RAR or ZIP ပေးလိုက်ပေါ့.....
(3) Compression method မှာတော့ Good or fast or best ရွေးပေးလိုက်ပေါ့...
(4) Split to volumes bytes မှာတော့ ခွဲပေးမည့်ဖိုင်ရဲ့ size ပါမေးလ်ကနေဆွဲမှာဆိုရင်တော့ 24mb နဲ့ခွဲပေးလိုက်တာကောင်းပါတယ်...။
ပြီးရင်တော့ OK ကလစ်လိုက်ပေါ့ဗျာ ဖိုင်တွေခွဲပေးသွားပါလိမ့်မယ်..။
တကယ်လို့ password ပေးမယ်ဆိုရင်တော့ အောက်ကပုံထဲကအတိုင်း Advanced ကိုကလစ်လိုက်ပါ...

Advanced ကိုကလစ်ပြီးရင် အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ်....

1 မှာရော 2 မှာပါ တူညီစွာရိုက်ထည့်ပေးရမှာပါ...
ပြီးရင်တော့ Ok ပေါ့ဗျာ....။
ဒီလောက်ဆိုရင်တော့ ရလောက်ပြီထင်ပါတယ်နော.......။
Winrar မရှိရင်တော့ ဒီမှာ သွားပြီးတော့သာဒေါင်းလိုက်ဗျို့.........။

Set password ကိုကလစ်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရပါလိမ့်မယ်...
1 မှာရော 2 မှာပါ တူညီစွာရိုက်ထည့်ပေးရမှာပါ...
ပြီးရင်တော့ Ok ပေါ့ဗျာ....။
ဒီလောက်ဆိုရင်တော့ ရလောက်ပြီထင်ပါတယ်နော.......။
Winrar မရှိရင်တော့ ဒီမှာ သွားပြီးတော့သာဒေါင်းလိုက်ဗျို့.........။
notebook တွေနဲ့ Room ပျက်နေသော ကွန်ပျုတာတွေအတွက်...
စာတွေလည်း မရေးဖြစ်တာကြာပြီပေါ့ဗျာ.....
အကြောင်းကတော့ အိမ်းအပြောင်းအရွှေ့လုပ်ရတယ် အိမ်ပြောင်းတော့ လိုင်းကိုပြောင်းဘို့ လုပ်ရတယ်ဗျာ ချက်ချင်းမရတဲ့ အပြင် မနည်းမနည်းကြီးကို ပြောင်းယူလိုက်ရပါတယ်....
ကျွန်တော်က ထိုင်ရင်လည်း မထတမ်းထိုင်တက်တာမို့ Net ဆိုင်နဲ့က လည်းတွက်ချေမကိုက်ဘူးလေ အဲဒါကြောင့် လိုင်းပေါ်က ပျောက်နေခဲ့တယ် ဆိုပါတော့ဗျာ....။
ဒီ post လေးမှာတော့ ကျွန်တော်တို့ Notebook တွေနဲ့ CD/DVD Room ပျက်နေတဲ့ စက်တွေမှာ Windows တင်ဘို့ အခက်တွေ့နေတဲ့သူတွေအတွက် ရှင်းပြပေးသွားမှာပါ...။
ရေးဘို့လည်း စဉ်းစားဖူးပါတယ် ကျွန်တော့ ဆရာ ဘလော့ဂါ အကိုကြီးတွေလည်း ရေးခဲ့ကြတာမို့ မရေးတော့ဘူုးလို့နေခဲ့ရင်းက တစ်နေ့က acer တစ်လုံး Hard Disk အသစ်လဲ လာခဲ့တဲ့ စက်ကို Windows တင်ဘို့လုပ်ရင်း အခွေနဲ့က ဘယ်လိုမှ တင်လို့မရတာနဲ့ win to flash ကိုသုံးပြီး အဆင်ပြေခဲ့တယ် အဲဒါနဲ့ မသိသေးသူတွေအတွက် ရေးချင်စိတ်လည်းပေါ်လာတာနဲ့ ရေးလိုက်တာပါ...။
ပထမဆုံး Windows Setup ကို Flash Drive ထဲကိုပြောင်းပေးဘို့ လိုအပ်တာတွေကို ပြောချင်ပါတယ်....
CD/DVD Room ကောင်းသော(Read) နိုင်သော စက်တစ်လုံးလိုအပ်ပါတယ်...
ကျွန်တော့်ရဲ့ Windows7 DVD က 3.7GB ရှိတာမို့ အနည်းဆုံး 4GB memory ရှိတဲ့ Stick တစ်ချောင်းလိုအပ်ပါမယ် တကယ်လို့သုံးပြီးသားဆိုရင်တော့ Format လုပ်ပေးဘို့ လိုအပ်မှာပါ...။
Wintoflash ကိုတော့ ဒီနေရာ ကနေသွားပြီး Download လုပ်ယူလိုက်ပါ .Version 0.6.0011 ကို Download လုပ်ယူပါ..။
Windows အခွေကို စက်ထဲထည့်ပေးလိုက်ပါ...
memory stick ကိုလည်း စက်မှာ တက်ပေးလိုက်ပါ...

ဒါကတော့ Wintoflash ကို Run လိုက်ရင် ပထမဆုံးတွေ့ရမည့် ပုံပါ မှင်နီဝိုင်းပြထားတဲ့နေရာကိုကလစ်ပေးလိုက်ပါ....။

ဒီအဆင့်မှာတော့ Next ကိုကလစ်ပေးလိုက်ပါ...

(1) မှာတော့ Windows အခွေထည့်ထားတဲ့ Room ကို ညွှန်းပေးရပါမယ်...
(2) မှာတော့ Windows setup ပြောင်းထည့်ပေးမည့် memory stick ပေါ့ဗျာ...
(3) Next ကလစ်...

(1) ကတော့ မဖြစ်မနေ ကလစ်ပေးရမှာဆိုတော့ ကလစ်လိုက်ပေါ့.......း)
(2) Continue ကလစ်...

ထိုင်စောင့်ပေးလိုက် နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်.........း)
(1) Finished လို့တွေ့ရရင်တော့ ...
(2) ကအတိုင်း Next ပေးလိုက်ပါ....
ဒါကတော့ နောက်ဆုံးအဆင့်ပေါ့ဗျာ Exit ပေးလိုက်ပြီးရင် Windows 7 ကို Flash Drive ကနေတင်လို့ရသွားပါလိမ့်မယ်...
အားလုံးပဲ အဆင်ပြေကြပါစေဗျာ......

Tuesday, January 11, 2011
TuneUp Utilities 2011 ရဲ့ Uninstall Manager ကိုသုံးကြည့်ခြင်း...
TuneUp Utilities 2011 ရဲ့ Uninstall Manager ကိုသုံးပြီး မလိုအပ်တော့တဲ့ Program ကို Uninstall လုပ်ရမည့် process လေးကို အောက်မှာ ပုံလေးတွေနဲ့ရှင်းပြပေးသွားမှာပါ...။
TuneUp Utilities 2011 v10.0.3000.101 + Serials ကိုတော့ အရင်ပို့စ်မှာ တင်ထားပါတယ်...။
ပထမဆုံးအနေနဲ့ TuneUp Utilities ကို run လိုက်ပါ...

မျှားပြထားတဲ့နေရာ (Optimize System) ကိုကလစ်ပါ...

ပုံထဲကအတိုင်း (Uninstall unneeded programs) ကိုကလစ်ပါ.....

(1) မှာတော့ Uninstall လုပ်မည့် Program ကိုကလစ်........
(2) မှာတော့ Uninstall ကိုကလစ်.......
(3) မှာတော့ Yes ပေါ့ဗျာ.....

ဒီအဆင့်မှာတော့ Ok ကိုကလစ်လိုက်ပါ....

ဒီပုံထဲကအတိုင်း မလိုအပ်တော့တဲ့ Program ကို ဖြုတ်ပေးသွားပါလိမ့်မယ်.....
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ.........

Sunday, December 26, 2010
မလိုချင်တဲ့ Partition ကို Delete လုပ်မယ်.....
မလိုအပ်လို့ပဲဖြစ်ဖြစ် မျက်စေ့ရှုပ်လို့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ပိုနေတဲ့ Partition တစ်ခုကို Delete လုပ်ချင်တယ်ဆိုရင် အောက်က အဆင့်လေးတွေအတိုင်း လုပ်နိုင်ပါတယ်ခင်ဗျာ.....။

ပထမဆုံးအဆင့်အနေနဲ့ Start menu ကိုကလစ်ပါ.....
(1) Computer ကို Right Click .....
(2) Manage ကိုကလစ်ပါ.......
ဒီပုံထဲကအတိုင်း Storage အောက်က Disk Management ကိုကလစ်ပါ...

(1) Delete လုပ်မည့် Partition ပေါ်မှာ Right Click ပါ...
(2) Delete Volume ကိုကလစ်ပေးပါ...
ဒီမှာတော့ Yes ကိုကလစ်ပေးပါ...
ပုံထဲကအတိုင်း မိမိ Delete လုပ်ခဲ့တဲ့ Partition ကို Unallocated ဆိုပြီးတွေ့ရပါလိမ့်မယ်...
ဒီမှာတော့ စောစောက Unallocated ဖြစ်သွားတဲ့ အပိုင်းကို Disk D သို့ Disk C ထဲမှာ Extend လုပ်ပါမယ်...
(1)Local Disk (C:) ထဲမှာ လုပ်မယ်ဆိုရင်တော့ မျှားပြထားတဲ့အတိုင်း Right Click ...
(2) Extend Volume ကိုကလစ်ပေးလိုက်ပါ...
ဒီအဆင့်မှာ Next ကိုကလစ်.....
ဒီအဆင့်မှာလည်း Next ကိုကလစ်ပြီး နောက်တစ်ဆင်မှာတော့ Finish ကိုကလစ်လိုက်ရင် မလိုအပ်လို့ Delete လုပ်ချင်တဲ့ Partition ကိုလည်း Delete လုပ်ပြီးသားဖြစ်သွားသလို အဲဒီကရလာတဲ့ Unallocated Space ကိုလည်း လိုအပ်နေတဲ့ Partition ထဲမှာ Extend လုပ်ပြီးသားဖြစ်သွားတာပေါ့ဗျာ......း)
အဆင်ပြေကြပါစေ.....
Subscribe to:
Posts (Atom)