..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....
Showing posts with label Voice changer. Show all posts
Showing posts with label Voice changer. Show all posts

Thursday, February 24, 2011

Av voice changer


အသံပြောင်းတဲ့ဆော့ဖ်ဝဲပါ Version 6.0.10 ကို တင်ပေးထားပါတယ် ။ ဘာလုပ်တဲ့ဆော့ဖ်ဝဲလဲဆိုတာ နည်းနည်းလေးရှင်းပြပါ့မယ်။အသံပြောင်းလို့ရပါတယ် ဥပမာ မိန်းကလေးကယောကျာင်္းလေးလို ယောကျာင်္းလေးက မိန်းကလေးလို တစ်ခြား ကလေးအသံ လူကြီးအသံ အကုန်အကုန်ပြောင်းလို့ရတယ်ဗျာ။
ယောကျာင်္းလေးက မိန်းကလေးအသံနဲ့ Gtalk ကနေ QQ မိန်းကလေးက ယောကျာင်္းလေးလို ချက်လို့ချက်လို့ ရပါကြောင်းပါ။
ဒါပေမယ့် အပျော်သဘောလေးပဲ လုပ်ကြပေါ့ဗျာ ။လိုအပ်တဲ့နေရာမှာ သုံးရင် အရမ်းကိုအသုံးဝင်ပါတယ် တလွဲသုံးလို့ အဆိပ်အတောက် ဖြစ်ရင်တော့ တင်ပေးတဲ့ကျွန်တော်လည်း မကောင်းဘူးပေါ့ဗျာ ချက်တင်းအပြင် တစ်ခြားသုံးလို့ရတာတွေလည်း အများကြီးပါ သုံးရင်းနဲ့သိလာပါလိမ့်မယ်။
ဘယ်လိုသုံးရမလဲလို့တော့ အသေးစိတ်ရှင်းမပြတော့ဘူးနော် ကျွန်တော့်အတွက် ရတဲ့အချိန်လေးတွေမှာ တင်ပေးနေရတာဆိုတော့ သိပ်ပြီးမလွယ်လို့ပါ ရှင်းပြတယ်ဆိုတာကလည်း အေးအေးဆေးဆေးလေးမှ ရှင်းပြလို့ကောင်းတာ အဲဒါကြောင့်ပါ ပြီးတော့ တောင်းထားတဲ့သူတွေအတွက်လည်း နောက်ကျနေမှာ စိုးလို့ပါ။အရမ်း file size ကြီးတဲ့ ဆော့ဖ်ဝဲတွေ တောင်းထားတဲ့သူတွေ ဥပမာ Nero လို ဆော့ဖ်ဝဲတွေ အတွက်တော့ နည်းနည်းလေးကြာမှာဖြစ်ပါတယ် အတက်နိုင်ဆုံး မြန်အောင် ကြိုးစားပေးပါ့မယ်။အခု ကျွန်တော်ကွန်နရှင်က စုတ်နေလို့ဗျ ကြိုးစားပြီး တင်ပေးပါ့မယ်။

အသေးစိတ် Video လေးအောက်ကလင့်မှာ သွားကြည့်

http://www.youtube.com/watch?v=2_DIO2hu_rg


Av voice changer ကတော့ အောက်က လင့်ကနေ သွားယူလိုက်ပါ။

http://ifile.it/l5cznq8/AV%20Voice%20Changer%20Software%20Diamond%2...

အဆင်မပြေသူတွေအတွက်ကတော့ ထုံးစံအတိုင်း ကျွန်တော့်ဆီမေးလ်ပို့ပေါ့ဗျာ crooner86@gmail.com ပါ။

Av voice changer (သုံးနည်း)

မေးလ်ပို့ပြီးမေးကြတဲ့ သူငယ်ချင်းတွေအတွက်ပါ လောလောဆယ်တော့ သုံးလို့ရတယ်ဆိုရုံလေးအကြမ်းဖျင်းလေးပေါ့ကျွန်တော်လည်း မသုံးကြည့်သေးတော့ ကောင်းကောင်းမသိသေးပါဘူး။
မေးလာတော့လည်း ပြောပြရတော့တာပေါ့ အချိန်ကလည်း နည်းနည်းရတာနဲ့ အောက်မှာ စပြီနော်....

(၁) Av voice changer ကိုဖွင့်ပါ
ဒီအောက်က ပုံအတိုင်း တွေ့ရပါလိမ့်မယ်


ဒီပုံလေးမှာ ကြည့်ပါ....

step 1 မှာ ရှိတဲ့ Nickvoices ဆိုတာကို ကလစ်လိုက်ရင် for male input voice မှာမိန်းကလေးအသံကို ကြိုက်တာရွေးပြီးအဆင်ပြေတာလေးထည့်ကြည့်ပေါ့ဗျာ။girl1,girl2, ပြီးတော့ women1,women2 ,old women အဆင်ပြေတာလေးကိုကလစ်ပေါ့။ step 2 မှာမှင်နီဝိုင်းပြထားတဲ့ အထဲက ရွှေဒင်္ဂါးပြားလိုကောင်လေးကိုတွေ့လား အဲဒါလေးကို မောက်စ်နဲ့(left click) ရွှေ့ကြည့် အပေါ်ကနေအောက်အောက်ကနေအပေါ် စမ်းကြည့်အသံကို ဟလိုဟလိုလို့ (ကိုယ့်အသံကို ပြန်ကြားရပါတယ်) အိုကေပြီဆိုရင် စပြီးချက်တော့ပေါ့...။
မိန်းကလေးတွေအတွက်ကတော့ for female input voice မှာ man အသံတစ်ခုကို ကလစ်ပြီး အပေါ်ကလိုပဲ စမ်းကြည့်ပေါ့ဗျာ။

step 3 မှာ ဆက်ကြည့်လိုက်ဦး အဲဒီကနေလည်း အသံကို ချိန်ညှိလို့ရသေးတယ်.......




step3 မှာEqualizer မင်နီဝိုင်းထားတဲ့ switch လေးတွေကနေ အသံကို လိုသလိုပြောင်းလို့ရပါသေးတယ်ဗျားး ။
ကျန်တာတွေတော့ ကိုယ့်ဘာသာကိုယ်လိုက်ပြီး ကလိကြည့်ကြပေါ့ဗျ ကျွန်တော်တော့ မအားသေးလို့နောက်မှ ကလိမှာ ကလိလို့ နောက်ထပ်အသုံးဝင်တာလေးတွေတွေ့ရင် မျှဝေဦးမယ်နော။
ခုဆို Gtalk ကနေ boy က girl လို girl က boy လို QQQQ.................။