..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Thursday, February 24, 2011

DVD Ripper ကောင်းကောင်းလေး...

Xilisoft DVD Ripper Ultimate



ဒါကတော့ DVD ထဲက Video,Audio ဖိုင်တွေကို တစ်ခြား digital devices တွေဖြစ်တဲ့ Mp3 player,Mp4 player,ipod,Phone စတာတွေနဲ့ ကိုက်ညီတဲ့ Format တွေကို ပြောင်းယူနိုင်ပါတယ်........။
ဟိုတစ်နေ့က Format Factory နဲ့ အဆင်မပြေဖြစ်နေတဲ့ သူတစ်ယောက်အတွက်ရှာပေးရင်း လိုချင်တဲ့သူတွေများရှိလည်း Download ယူနိုင်အောင် တင်ပေးလိုက်ရပါတယ်....။
စကားတွေလည်း အများကြီး မရှည်ချင်တော့ပါဘူးဗျာ ပြောင်းယူလို့ ရတဲ့ Format တွေကတော့ အများကြီးပါ.......။
ဘယ်လို ပြောင်းယူရမလည်း ဆိုတာတော့ နည်းနည်းလေးပြမယ် .......



ပြောင်းယူမည့် DVD ကို စက်ထဲ ထည့်လိုက်ပါ........
(1) Open DVD ကလစ်...
(2) E: or G: or DVD Room ကိုပေးလိုက်ပါ...



(1) ကတော့ convert ပြီးသားတွေ Save လုပ်ဘို့ Folder သို့ နေရာ တစ်ခုခုကို ရွေးပေးဘို့ပါ...
(2) ကအတိုင်း Save လုပ်မည့် Folder ကိုကလစ်ပြီးရင် ...
(3) အတိုင်း OK ကလစ်ပေါ့ဗျာ...



ဒါကတော့ Save သို့ Convert လုပ်ယူမည့် Format ကိုရွေးပေးဘို့ပါ...
(1) Common Audio ကလစ်......
(2) Mp3 ယူမယ်ဆိုတော့ Mp3 ကလစ်ပေါ့ဗျာ.....




Save လုပ်ချင်တဲ့ Format ကိုလည်း ရွေးပြီးပြီ Convert လုပ်ပြီးသားကို သိမ်းဘို့ နေရာလည်းရွေးပြီးသွားပြီဆိုရင်တော့ ဒီပုံထဲကအတိုင်း Action ကို ကလစ်===> Start ripping ကိုကလစ်ပြီး စောင့်ပေးလိုက်ယုံပါပဲ မြန်မြန်နဲ့ လွယ်လွယ် ပြီးတော့ error နည်းသလို Quality ပိုင်းမှာလည်း ပြောစရာမလိုအောင် ကောင်းတာမို့ ရတုန်းလေးယူထားလိုက်ကြပေါ့ဗျာ Serial ပါပြီးသားပါ...။


ဒီနေရာမှာယူဗျို့


အားလုံးအဆင်ပြေကြပါစေ...

Adobe pagemaker 7.0 +Serial



ဒါကတော့ Adobe pagemaker 7.0 ပါ မနေ့ Comment ကနေထောင်းတာတဲ့ သူငယ်ချင်းအတွက်ရော လိုချင်တဲ့သူတွေပါ Download လုပ်ယူလိုက်ကြပါ....။
ဘာလုပ်တဲ့ Software ဆိုတာတော့ အထူးပြောပြဘို့လိုတော့မယ်မထင်ပါဘူး စာစီစာရိုက်သမားတွေတော့ ကောင်းကောင်းသိပြီး တွင်တွင်ကြီး သုံးနေတဲ့ Software ပါ......။

E-book (မြန်မာလို) လိုချင်ရင်တော့ ဒီနေရာမှာ သွားရောက် Download ယူကြပါ....။

Adobe pagemaker 7.0 ကိုတော့ ဒီနေရာမှာ သွားရောက် Download ယူကြပါခင်ဗျာ....။

အားလုံး အဆင်ပြေကြပါစေ........

Logo Desing လေးတွေ လုပ်ကြည့်ချင်ရင်...

The.Logo.Creator.5.2.Mega.Pack




ဟိုတစ်နေ့ Comment မှာ တောင်းထားတဲ့ အကိုတစ်ယောက် အတွက်ပါ Singboard ဒီဇိုင်းလေးတွေ လုပ်ကြည့်ချင်လို့ပါတဲ့...။
ကွန်ပျုတာရှိနေပြီး ဘာမှမလုပ်တက်ဖြစ်နေလို့ပါဆိုပြီး တောင်းထားခဲ့ပါတယ်.....။
ဟုတ်ကဲ့ အားပေးပါတယ်ခင်ဗျာ လုပ်ကြပါ အားလပ်နေတဲ့ အချိန်တွေမှာ ကိုယ့်အတွက် အကျိုးရှိမယ်ထင်တာလေးတွေ လုပ်ကြပါ...။
ဒါပေမယ့် အခုရေတွင်းတူးပြီး အခုရေကြည် ခပ်သောက်ချင်လို့တော့ ဖြစ်မှာမဟုတ်ပါဘူးခင်ဗျာ ရေတွင်းဆိုတာမျိုးက အခုတူးပြီးတာနဲ့ အခုရေကြည်ထွက်တာမျိုးမဟုတ်ပါဘူး ပထမဆုံးထွက်လာမည့်ရေတွေဟာ နောက်နေတက်ပါတယ် နည်းနည်းကြာလာတော့မှ အနည်ထိုင်သွားပြီး ခပ်ယူသုံးစွဲနိုင်တဲ့ အဆင့်ကို ရောက်တာပါ......။

အဲလိုပါပဲ ဘယ်လိုပညာရပ်မျိုးမဆို အခုထလုပ် အခုရတာမျိုးမဟုတ်ပါဘူးခင်ဗျာ ကိုယ့်မှာရှိတဲ့ ညာဏ်စွမ်း၊ဝိရိယစွမ်းနဲ့ အားထုပ်မှု လုံ့လ အစွမ်း တွေထုပ်သုံးသလောက်ရဲ့ အတိုင်းတာနဲ့ ညီမျှတဲ့ အချိန်အတိုင်းတာတစ်ခုကိုရောက်မှ ကျွမ်းကျင်မှုဆိုတာ ဖြစ်လာတက်တာပါ...။

အဲဒါကြောင့် စ ယုံပဲ စခါရှိသေးတယ် မလွယ်ပါလားဆိုပြီးတော့ လွယ်လွယ်လေးနဲ့ လက်မလျှော့လိုက်ကြပါနဲ့ဗျာ တက်မြောက်ကျွမ်းကျင်ဘို့ ခက်ခဲ သလောက် လက်လျှော့ဘို့ရာကျတော့ အရမ်းကိုလွယ်တက်ကြလွန်းလို့ပါ....။
ဒီနေ့ ပညာရပ် တစ်ခုခုမှာ ထူးချွန်ကြသူတွေ သို့ ဘက်စုံ ထူးချွန်ကြသူတွေ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ အဲဒီပုဂ္ဂိုလ်တွေဟာလည်း တစ်နေ့တစ်ချိန်က ကျွန်တော်တို့ စခဲ့ကြတဲ့ နေရာကနေပဲ စ ခဲ့ကြတာပါ....။
အဲဒါကြောင့် တက်မြောက်ချင်တဲ့ စိတ်လေးလည်း ရှိမယ် ကြိုးစား အားထုတ်မှုဇွဲလေးလည်း ရှိမယ်ဆိုရင် အထက်ကပြောခဲ့သလိုမျိုး တက်မြောက်ကျွမ်းကျင်မှုကို ရရှိတဲ့ အချိန်ကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်မှာ မလွဲပါဘူးခင်ဗျာ(ဒါက ကျွန်တော်ခံယူချက်ပါ).....။

စကားတွေလည်း ရှည်သွားပြီ (အကျင့်ကို ဖြစ်နေလို့ပါ)...........း)
Logo creater လေးကို Download ပြီးရင် အဲဒီမှာ ပါတဲ့ Serial နဲ့ Register လုပ်လိုက်ပါ Readme ဆိုတဲ့ Text ဖိုင်လေးထဲမှာပါပါတယ်..။
ဘယ်လို သုံးရမယ်ဆိုတာကို ရှင်းပြပေးရရင် ဒီည ကျွန်တော် အိပ်ရတော့မှာ မဟုတ်လို့ အောက်က ပုံထဲက မှင်နီပြထားတဲ့နေရာလေးကို ကလစ်ပြီး သူ့မှာပါတဲ့ Tutorial လေးတွေကိုသာ အားကိုးပြီး နည်းနည်းလေးအားစိုက်ကြည့်လိုက်ကြပါခင်ဗျာ......။




LOGO Creator လေးကိုတော့  ဒီနေရာကို   သွားပြီး Download ယူကြပါခင်ဗျာ.......

အဆင်ပြေကြပါစေဗျာ........

corelDRAW 12 +Serial



ဒါကတော့ Drawing သမားတွေအတွက်ပါ....
ကျွန်တော်တို့ကတော့ ပုံဆွဲတဲ့နေရာမှာ အရမ်းတော်လွန်းလို့ ကျောင်းမှာတုန်းကဆို ခဏခဏ အဆော်ခံရပါတယ်....း)း)
Drawing ပိုင်းနဲ့ပက်သက်ရင် ဘာမှမသိတာမို့ ဘာမှမရေးတော့ဘူးနော်.....
တစ်နေ့က မေးလ်ထဲက တောင်းထားတဲ့ သူငယ်ချင်းအတွက်ရော လိုချင်တဲ့သူတွေအတွက်ပါ Download ယူကြပါခင်ဗျာ Serial ပါပြီးသားပါ.......။

နောက်များမှ Ebook လေးများရရင် တင်ပေးပါဦးမယ် ခုတော့ နောက်ကျနေမှာစိုးတာကြောင့် လောလောနဲ့ တင်လိုက်ရလို့ ဘာမှပါမလာဘူး......း)း)

စုစုပေါင်း (၁၂) ပိုင်းခွဲပြီးတင်ထားပါတယ် ဖိုင်ပြန်ဆက်ဘို့ကတော့ ဒီနေရာမှာ ယူလိုက်ပါ Run ပြီးရင် Join ကနေ Part1 ကိုပေးပြီး ဖြည်လိုက်ပါ.....။

Corel DRAW 12 ကိုတော့  ဒီနေရာမှာ သွားရောက် Download ယူကြပါ.....

ကျန်တဲ့သူတွေအတွက်တော့ မကြာမီ လာမည် မျှော်ပေါ့ဗျာ......

Adobe photoshop 7 + Serial


Adobe photoshop 7 ပါ .........
တောင်းထားတဲ့ သူအတွက်ရော လိုချင်မည့်သူရှိရင်လည်း Download ယူကြပါ.........
Serial ပါပြီးသားပါ ၄ ပိုင်းခွဲပြီးတင်ထားပါတယ်.......
File ပြန်ဆက်ဘို့ကတော့ ဒီမှာယူ လိုက်ပါ ဒီကောင်လေးကို Run ပြီး === >Join ===> Input ကနေ Part1 ကိုပေးလိုက်ပြီး ===>Start ကိုကလစ်လိုက်ရင် Winrar နဲ့ ဖိုင်တစ်ခုရလာမှာပါ .......။


ဒီနေရာက သွားပြီးယူလိုက်ကြပါခင်ဗျာ.........

ကျန်တဲ့သူတွေအတွက်လည်း မကြာခင်မှာ တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်........