CyberPowerDiscCreator ကိုသုံးပြီး ကျွန်တော်တို့ Video တွေကို CD/DVD Create လုပ်ကြည့်ချင်ကြသူတွေအတွက်ပါ...။
ကျွန်တော်လည်း Blog မှာပဲရေးတော့မယ်လို့ ဆုံးဖြတ်ပြီးမှ ဒါပထမဆုံးရေးတဲ့ Blog ဆိုတော့ ကိုယ့်ကိုကိုယ် သိပ်တော့ အားမရဖြစ်မိတယ် ....။
ရေးဘို့တွေကရှိတယ် ရေးချင်စိတ်မရှိပဲဖြစ်နေတယ် ပြီးခဲ့တဲ့ရက်တွေက အလုပ်ကလည်း ရှုပ်နေတာဆိုတော့ တော်တော်ကြာကြာ အဆက်ပြတ်သွားရက စလို့ စာရေးဘို့ အပျင်းထူးလာတာပဲဗျို့.........။
စကားလည်း ရှည်မနေချင်တော့ဘူးဗျာ CyberPowerDiscCreator အကြောင်း ပြန်ဆက်မယ်...
ဒီကောင်လေးက CD/DVD Create လုပ်ပေးနိုင်တဲ့ Video Format တွေကတော့ AVI, MPG, MPEG, MP4, WMV, MOV, MP4, DAT, and HD videos such as M2TS, TP, TRP, တို့ပဲ ဖြစ်ကြပါတယ်...။
Video File တွေကို CD သို့ DVD ထဲကို Burn ပြီး player နဲ့ကြည့်နိုင်ဘို့ ဒီနေရာလေးမှာ သွားပြီး Download လုပ်ယူပါ Serial ပါပြီးသားဖြစ်ပါတယ် ဖိုင်ကလည်း 2.50 MB ပဲရှိတာပါ...။
Install လုပ်လိုက်ပြီး Run လိုက်တာနဲ့ အောက်က အဆင်တွေအတိုင်း လုပ်သွားလိုက်ပါ...။
DVD သို့ CD အလွတ်တစ်ချပ်ကို Drive ထဲထည့်ပေးလိုက်ပါ.....
ဒီအဆင့်မှာတော့ VCD/DVD Video ကိုကလစ်ပေးပါ...
ဒီအဆင့်မှာတော့ မိမိ burn လုပ်မည့် Drive ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ် ပြီးရင်တော့ Next ကိုကလစ်ပေးပါ ...။
ဒီအဆင့်မှာတော့ Video CD ကတော့ CD Create အတွက်ဖြစ်ပြီး DVD Video ကတော့ DVD Create အတွက်ပါ ရွေးပြီးသွားရင်တော့ Next ပေါ့ဗျာ... ။
မိမိ Create လုပ်လိုတဲ့ Video File ကိုရွေးပေးရပါမယ် ပြီးရင်တော့ Next ကလစ်ပေါ့ဗျာ...
အားလုံး အဆင်ပြေကြပါစေဗျာ...
No comments:
Post a Comment