windows 7 ဆိုတာနဲ့ လှပကြည်လင်တဲ့ အသွင်ပြင်နဲ့ အသုံးပြုတဲ့နေရမှာလည်း ပေါ့ပါးမြန်ဆန်လွန်းတဲ့ Microsoft ရဲ့ နောက်ဆုံးထုပ် OS တွေဆိုတာကိုလူတိုင်း သိပြီးသားဖြစ်မှာပါ...
ဒါပေမယ့် ဈေးကတော့ လန်ပြန်နေတာပဲဗျ....
သိကြတဲ့အတိုင်း Home Basic တစ်ချပ်ကိုတောင် ကျွန်တော်တို့ဆီမှာ RM 400 လောက်ပေးရတယ်ဗျို့....
အခွေ မဝယ်နိုင်လို့ ဆိုင်မှာတင်မယ်ဆိုရင် RM 100 တဲ့ဗျာ.....စိတ်ကိုလေရော....
တလောက Ultimate ကို တင်သုံးဖြစ်တယ်ဗျ အဲဒီကစလို့ ကြိုက်သွားတာ ကြိုက်ဆို Xp တို့ Vista တို့နဲ့ တူမှမတူတာကိုးဗျ...
အနော်တို့ကလည်း OS လန်းတာလေးဆို အရူးအမူး crazy ဖြစ်တော့တာပဲ........
ပြဿနာက ဒီမှာစတာဗျို့ တင်ထားတဲ့ ဗားရှင်းက copy ဆိုတော့ ၂ နာရီတစ်ခါ restart ကျနေတော့တာပေါ့ဗျာ...
ကောင်းခန်းရောက်ရင် ကွန်ပျုတာက restart ကျကျနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးပေါ့....
တစ်ခြား OS တွေကိုလည်း တင်မသုံးချင် ပိုက်ပိုက်ကလည်း မတက်နိုင်တော့ ဟိုသူဆီတောင်းဒီသူဆီတောင်းနဲ့ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ဆီမှာ ဒီအခွေသွားတွေ့တော့ ပျော်လိုက်တာ မပြောပါနဲ့တော့ ရလာတဲ့အခွေကလည်း Windows 7 ရဲ့ ဗားရှင်း ၁၁ ခုလုံးဆိုတော့ ဘာပြောကောင်းမလဲ ဟိုစကားလို မှိုရတဲ့မျက်နှာ မှိုရတဲ့မျက်နှာ ဆိုသလို ထမင်းမေ့ဟင်းမေ့ပါပဲဗျာ....
အဲဒါကြောင့် ကျွန်တော့်လို Windows 7 ချစ်သူများအတွက် ခုလို ရှယ်ပေးလိုက်ရတာပါ...
ဒီအခွေထဲမှာပါတာတွေကတော့....
1. Home basic 64 bit
2. Home premium 64 bit
3. Professional 64 bit
4. Ultimate 64 bit
5. Enterprise 64 bit
6. Starter 32 bit
7. Home basic 32 bit
8. Home premium 32 bit
9. Professional 32 bit
10.Ultimate 32 bit
11. Enterprise 32 bit
ကဲ ကြိုက်တဲ့ တစ်ခုကိုသာ တင်သုံးလိုက်ဗျာ မကြိုက်ရင်ဖြုတ်နောက်တစ်ခုပေါ့ ကြိုက်သလိုသာလုပ်ကြဗျာ Activation အတွက်တော့မပူနဲ့ အားလုံးက Activated Editions တွေဆိုတာ အာမခံပါတယ်...
စုစုပေါင်း 100MB စီခွဲထားတဲ့ file ပေါင်း 39 file ရှိတယ်ဗျာ ဒေါင်းလိုက် ဒေါင်းပြီးရင် file ပြန်ဆက်ဘို့က
hjsplit.exe ဒီကောင်လေးယူလိုက်...
part 1 ကိုဖြေတာနဲ့ ကျန်တဲ့အပိုင်းတွေက အော်တို (သိပြီးသာဖြစ်မှာပါ)ISO file တစ်ခုရလာပါလိမ့်မယ်...
ပြီးရင်တော့ ISO burner တစ်ခုခုနဲ့ burn လိုက်ပေါ့ဗျာ size က 3.73 GB ဆိုတော့ DVD နဲ့ burn လိုက်နော.....
ကျွန်တော် ဒီ ISO ဖိုင်ကို upload လုပ်ချိန်စုစုပေါင်း 36 နာရီလောက်ကြာခဲ့ပါတယ် ကွန်နရှင်မကောင်းတာရော စက်ကမကောင်းတာရော ဆင်မပြေမှုပေါင်းစုံနဲ့ 36 နာရီကြာခဲ့တယ်ဗျာ.....
ဒီ file ကိုဒေါင်းဘို့ Oversea မှာ ရှိတဲ့သူတွေအတွက်အကြောင်းမဟုတ်ပေမယ့် မြန်မာပြည်တွင်းကလူတွေအတွက် စိတ်ပျက်စရာကောင်းလောက်အောင် နှေးလွန်းတဲ့ကွန်နရှင်ကြောင့် ခက်ခဲနိုင်ပါတယ် စိတ်ရှည်မှ ရပါလိမ့်မယ်....
မန်နေဂျာလေး ခံပြီး ဒေါင်းပေါ့...
မြန်မြန်ဒေါင်းလို့ရနိုင်တဲ့နည်းတော့ရှိတယ်ဗျ Ubuntu တင်ပြီးဒေါင်းရင်တော့ ၂ နာရီလောက်နဲ့ အလုပ်ပြတ်နိုင်ပါတယ်...
တစ်ခုတော့ ပြောချင်တယ်ဗျ ဘယ်အရာမဆိုပေါ့ဗျာ ပိုက်ဆံမပေးရလို့ အလကားရတယ်ဆိုတဲ့တိုင်အောင် အားတော့ အနည်းနဲ့အများစိုက်ထုတ်ရတာချည်းပါပဲ....
ဆိုတော့ စိတ်ရှည်ရှည်နဲ့သာ ဒေါင်းဗျို့ အခက်ခဲရှိရင် crooner86@gmail.com ကို မေးလ်ပို့နိုင်ပါတယ်ဗျားး
DVD ကိုတော့ ဒီလင့်ကနေ သွားယူလိုက်ကြဗျာ..
http://www.mediafire.com/?aukbil8v3awmi
မျှဝေချင်တဲ့ ဆန္ဒ တစ်ခုတည်းနဲ့ဒီပို့စ်ကို တင်ခဲ့တာပါ ကျွန်တော်ဟာ ပညာရှင်တစ်ယောက်မဟုတ်ပါခင်ဗျာ....