..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Thursday, February 24, 2011

Auto shutdown လုပ်မယ်...

AutoShutdown Portable Version 1.2.45

ဒါကတော့ ကွန်ပျုတာကို အလိုအလျောက်ပိတ်ပေးမည့်software လေးပါ...။
တစ်ချို့က သီချင်းလေးနားထောင်ရင်းနဲ့အိပ်ချင်တယ် ဒါပေမယ့်စက်ကိုလည်းဖွင့်မထားချင်ဘူး အိပ်ပျော်သွားရင် စက်က run နေတော့ ပိတ်လည်းပိတ်ချင်တယ် အိပ်လည်းအိပ်ချင်တယ် နားမထောင်ပဲလည်းမနေနိုင်ပြန်ဘူး အဲဒီတော့မခက်ဘူးလားဗျာ..။
သွားစရာကရှိနေတယ် ဒေါင်းထားတာကလည်းမပြီးသေး သွားဘို့ကလည်းနောက်ကျနေပြီ ဒေါင်းလက်စလေးကိုလည်း ဒေါင်းထားခဲ့ချင်တယ် စက်ကိုလည်း တစ်ချိန်လုံးမဖွင့်ထားခဲ့ချင်ပြန်ဘူး ပြန်လာပြီးပိတ်ဘို့ကလည်း မဖြစ်ပြန်ဘူး ဒီစက်ကိုပဲပိတ်ဘို့အတွက်နဲ့တော်တော်လေးကို အလုပ်ရှုပ်ကြရတယ်...။
ကျွန်တော်လည်း အဲလိုအလုပ်ရှုပ်ရတဲ့အထဲက သူတစ်ယောက်ပါပဲ ညပိုင်းတွေရှာတယ် ဒေါင်းတယ် အိပ်ချိန်ကလည်းရှိသေးတယ် စက်ကိုလည်း ဒေါင်းပြီးလောက်တဲ့အချိန်မှာ ပိတ်ထားချင်တယ်..။
မနက် အိပ်ယာကထတယ် ဒေါင်းထားတာတွေ တစ်ချို့ ဆိုဒ်ကြီးတာတွေဆိုရင် တော်တော်အချိန်ကြာကြာ upload လုပ်ရတာကိုးဗျ အလုပ်ကလည်းသွားရတော့မယ် တနေကုန်အောင်လည်း စက်ကိုဖွင့်မထားချင်ဘူး လူသာနားတယ် စက်ကနေ့ရောညရောမနားရဘူး ကြာလာတော့လည်း ဘယ်ခံနိုင်မလဲဗျာ သူလည်းခံနိုင်ရုံလောက်ပဲရမှာပေါ့ ရေရှည်တော့ ဘယ်ခံနိုင်ပါ့မလဲ ...။
အဲဒါနဲ့ရှာလိုက်တော့ ဒီကောင်လေးသွားတွေ့တယ် သုံးရတာလည်းလွယ်တယ် အချိန်လည်းတိကျတယ်ဗျ (တိကျတာပေါ့ ရိုက်ထည့်ထားခဲ့တာကိုး).....း)း)
ဆိုဒ်ကလည်း 304.21 kb ဆိုတော့ မကြီးတာမို့ လိုချင်ရင်တော့ ယူထားလိုက်ကြပေါ့ဗျာ...။
ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ သုံးရတာလည်း ရိုးရိုးလေးရယ် ကိုပိတ်ချင်တဲ့အချိန်သာ ရိုက်ထည့်ထားရုံပဲသူ့ဘာသာသူပိတ်သွားရော...။
လွယ်တယ်ဆိုပေမယ့် နည်းနည်းတော့ ရှည်လိုက်ဦးမယ်........း)း)
အောက်မှာကြည့်ဗျာ...


(၁) ကတော့ shutdown in ဆိုတာမှာတော့ နောက်ဘယ်လောက်ကြာရင်ပိတ်မယ်ဆိုတာကို ရိုက်ထည့်ရပါ့မယ်...
ပြီးရင်တော့ power off မှာ အမှတ်ပေးလိုက် force to close the running programs ကို အမှန်ခြစ်လေးပေးလိုက် ပြီးရင်တော့ start ပေါ့ဗျာ...။Remind me ahead of schedule at နံပါတ်(၄)မှာတော့ မပိတ်မှီ ဘယ်နှစက္ကန့်အလိုပေါ့ဗျာ ဒါကတော့ မထည့်ချင်ရင် အမှန်ခြစ်လေးဖျောက်ထားလိုက်ပေါ့..။

(၂)ကတော့ shutdown at ဆိုတာမှာတော့ နေ့စွဲနဲ့ အချိန်ကိုထည့်ပေးရပါတယ် နံပါတ်(၃)ကလိုပေါ့
ကိုယ်ပိတ်ချင်တဲ့ အချိန်ကိုကြည့်လိုက်ပေါ့ နေ့စွဲလေးထည့် ပြီးတော့ အချိန်နာရီမိနစ်ပေါ့ဗျာ..။
ပြီးရင်တော့ power off မှာအမှတ်ပေး force to close the running programs ကိုအမှန်ခြစ်လေးပေးလိုက် ပြီးရင်တော့ start ပေါ့ဗျာ...။

ဒေါင်းပြီးရင် ဖိုင်ကိုဖြည်လိုက် Autoshutdown.exe ဆိုတာလေးတွေ့ရမယ် double click နဲ့ run လိုက် taskbar ညာဘက်က icon လေးတွေထဲမှာ Autoshutdown ရဲ့ icon ကိုတွေ့မယ် doubel click လိုက် အပေါ်ကပုံလိုပေါ်လာတာနဲ့ အထက်ကပြောခဲ့တဲ့အတိုင်း ကြိုက်တဲ့နည်းသာသုံးတော့ပေါ့ဗျာ ...။
ကျွန်တော်ကတော့ အလုပ်ရှုပ်သက်သာသွားပြီဗျို့ အောက်မှာယူလိုက်ကြပေါ့...





password : crooner
mirror ကနေပြန်တင်ပေးထားပါတယ်........

No comments:

Post a Comment