..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Thursday, February 24, 2011

HDD ကို partition ပိုင်းကြည့်ရအောင်

EASEUS Partition Master Home Edition



ဝင်းဒိုးတင်ပြီးမှ partition ပြန်ပိုင်းချင်တဲ့သူတွေအတွက်ပါ..။
အကိုတစ်ယောက်က မေးထားတာနဲ့ကျွန်တော်လည်း ရှာကြည့်လိုက်တော့ ဒီ software ကိုသွားတွေ့တာ Free ပေးတာပါပဲ သုံးရတာလည်း အရမ်းလွယ်တယ် အောက်မှာ ပုံတွေနဲ့ရှင်းပြပေးမယ်..။

ဒီပုံထဲကလို ကိုခွဲယူမည့် drive ကိုကလစ်လိုက်...
ဒီပုံထဲကလို ကလစ်ပြီးရင်တော့ ResizeMove ဆိုတဲ့မှင်ဝိုင်းထားတဲ့နေရာကိုကလစ်...
ဒီ partition size က စုစုပေါင်း 205243.0 MB ပေါ့ဗျာ ကျွန်တော်က 1 GB ရှိတဲ့ partition အသစ်တစ်ခုထပ်ပြီးခွဲမှာဆိုတော့ အဲဒီမျှားပြထားတဲ့နေရာက partition size ဆိုတဲ့အကွပ်ထဲမှာ 204243.0 လို့ရိုက်ထည့်လိုက်မယ်ပြီးရင်တော့ OK ကလစ်ပေါ့ဗျာ..။
ဒီပုံထဲကလို 999.52 MB Unallocated ဆိုပြီးပေါ်လာပါလိမ့်မယ်...။
ဒီပုံထဲကလိုကလစ်လိုက် ပြီးရင်တော့ အပေါ်နားက မှင်ဝိုင်းပြထားတဲ့ create ကိုကလစ်ပေါ့ဗျာ..။
နံပါတ် (၁) မှာလို ပေးချင်တဲ့နာမည်လေးပေးလိုက်ပေါ့ ကျွန်တော်ကတော့ mydata လို့ပေးလိုက်တယ်...။
နံပါတ် (၂)မှာကတော့ logical,primary စသည်ဖြင့်ပေါ့...။
နံပါတ်(၃) မှာကတော့ file systems ပေါ့ NTFS ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ ပြီးရင်တော့ OK ...။
ဒီမှာတော့ စောစောက ကျွန်တော်ပေးထားတဲ့ mydata ဆိုတဲ့နာမည်နဲ့ ရောက်လာရင် အထက်နားက Apply ကိုကလစ်လိုက်ဗျာ..။Apply ကိုကလစ်ပြီးရင်တော့ ကျလာတဲ့ dialogue Box ထဲက YES ကို နှစ်ကြိမ်လုံး ကလစ်ပေးလိုက်ဗျာ
စောင့်ပေးလိုက် ပြီးရင်တော့ Mycomputer မှာ ကြည့်လိုက် partition အသစ်ကိုတွေ့ရပါလိမ့်မယ်ဗျားးးး....။
EASEUS Partition Master ကိုတော့ ဒီမှာသာ ယူလိုက်ကြဗျာ Free ပဲ...။

No comments:

Post a Comment