..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Thursday, February 24, 2011

mp3 တွေကို cut မယ်...

mp3 cutter V 1.8


mp3 တွေမှာ တစ်ချို့မြန်မာသီချင်းတွေပေါ့ live show ဆိုထားကြတာတွေရှိတယ်ဗျာ အဲဒီထဲကသီချင်းတွေမှာ သီချင်းမဆိုခင် ဘာညာကွိကွ ဆိုပြီး အရစ်ရှည်တက်တာတွေရှိတယ် phone တွေ player တွေထဲမှာထည့်တော့လည်း တစ်ချို့သီချင်းတွေက play ထားပြီးတာတောင် ကြားထဲမှာ ဘာသံမှမလာပဲ စက္ကန့်နှစ်ဆယ်လောက်အပိုတွေပါပါလာတက်ပါတယ် အဲဒီလိုသီချင်းတွေကိုဖြတ်ချင်တဲ့သူတွေအတွက်ရော ကိုယ်ကြိုက်တဲ့ သီချင်းစာသား၊သံစဉ်နေရာလေးကိုပဲ ဖြတ်တောက်ပြီး phone Ringtone လေးတွေလုပ်ချင်တဲ့သူတွေအတွက်ပါ ဒီ software လေးကကူညီဖြတ်တောက်ပေးပါလိမ့်မယ်ဗျားးး...။
ပထမဆုံး ဒီကနေ mp3 cutter လေးကိုသွားဒေါင်းလိုက်ဗျာ size က 6.7 MB ပဲရှိတယ် ပြီးရင်တော့ Install လုပ်လိုက်ပေါ့........။
ဘယ်လိုဖြတ်တောက်ရမလဲ အောက်မှာစပြီ...
(၁) start menu === > mp3 cutter ကိုဖွင့်ပါ အောက်က ပုံအတိုင်းတွေ့ရပြီဆိုရင်တော့ မျှားပြထားတဲ့ open ကိုကလစ်...
ဒီအဆင့်မှာတော့ ဖြတ်ချင်တဲ့ mp3 ကို ကလစ်ပေးပါ နံပါတ် (1) ပြီးရင်တော့ open ပေါ့ နံပါတ် (2)........


ဒီမှာတော့ သီချင်းဝင်လာပါပြီ ဝင်လာတာနဲ့ play နေပါလိမ့်မယ် ကိုယ်ဖြတ်ချင်တဲ့နေရာရောက်ရင် set start ကိုကလစ်ပေးလိုက်ပါသီချင်းအဆုံးကိုလည်းကိုယ်ထားချင်တဲ့နေရာ (သို့) ဖြတ်ချင်တဲ့နေရာရောက် ပြီဆိုရင်တော့ set end ပေါ့ ...။ ဒီလိုလည်းနောက်တစ်နည်းလုပ်လို့ရသေးတယ်ဗျ ကိုယ်ဖြတ်ပစ်ချင်တဲ့ မိနစ် စက္ကန့်တွေကို မှတ်ထားပြီး နံပါတ် (1) က မျှားပြထားတဲ့ button လေးကို ဆွဲပြီးတော့လည်း စ, မည့်မိနစ်ကိုစက္ကန့်ကိုရောက်နိုင်ပါတယ် ဖြတ်ပစ်ချင်တဲ့နေရာကိုရောက်ပြီဆိုရင်တော့ set start ကိုကလစ်ပေးပါ နံပါတ်(2) အတိုင်း။
အဆုံးကလည်း အဲလိုပါပဲ ကိုယ်လိုချင်တဲ့နေရာ ရောက်ပြီဆိုတာနဲ့ set end ကိုကလစ်ပေးလိုက်ပါ နံပါတ်(3) မျှားပြထားတဲ့အတိုင်းပါပဲ ဖြတ်လို့စိတ်ကြိုက်ရပြီဆိုရင်တော့ နံပါတ် (4) ကအတိုင်း save selection ကလစ်လိုက်ပေါ့ဗျာ..။





ဒီလောက်ဆိုရင်တော့ ရမယ်ထင်ပါတယ် အဆင်ပြေအောင်သာလုပ်လိုက်ကြဗျာ....
video တွေကိုဖြတ်တောက်ချင်သူတွေအတွက်တော့ မကြာမီလာမည်မျှော်...

No comments:

Post a Comment