..... CROONER'S ..အိပ်မက်ကမ္ဘာထဲဝင်ရောက်ဖတ်ရှုသူများအား...ကျေးဇူးအထူးတင်ရှိပါကြောင်း....

Thursday, February 24, 2011

USB stick တွေကို password ပေးထားရအောင်

အိပ်ရေးတွေပျက်တာများနေလို့ ဒီနေ့တော့ စောစောအိပ်တော့မယ်ဆိုပြီး အိပ်ယာထဲဝင်လိုက်တယ် ဟိုတွေးဒီတွေးနဲ့ပဲ အိပ်မပျော်ပြန်ပါဘူး အိပ်မပျော်တော့ ကွန်ပျုတာရှေ့ပဲပြန်ရောက်ရော။
အဲဒါနဲ့မေးလ် ဖွင့်ကြည့်လိုက်တော့ memory stick ကို password ပေးချင်လို့တဲ့ မေးထားတာနဲ့ တလက်စတည်း ဒီpost ကိုတင်ဖြစ်လိုက်တယ်။
မေးတဲ့သူရှိတော့မှပဲ သြော်ဟုတ်သားပဲ ငါတောင်ပေးမထားမိပါလားလို့တွေးမိတော့တယ် ဟုတ်တယ် ကျွန်တော်လည်း stick တွေသုံးပါတယ် ဒါပေမယ့် password ပေးဘို့ကိုတော့ တစ်ခါဘူးမှမတွေးခဲ့မိဘူးတာအမှန်ပါ။
လူတွေဘာလို့ memory stick တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသလဲ အဖြေကတော့ရှင်းပါတယ် ဝယ်ရလွယ်ကူတယ် အဖိုးကလည်း နည်းတယ် အဖိုးနည်းပေမယ့် သိမ်းဆည်းလို့ရတဲ့ ပမာဏကျတော့များတယ် သယ်ရလွယ်ကူတယ် ဘယ်သွားမလဲ အိပ်ကပ်ထဲထည့်သွား ကွန်ပျုတာနဲ့တွဲပြီးသုံးတော့လည်း တစ်ခြား Drive တွေထက်အသုံးပြုရတာ လွယ်ကူတယ် မြန်လည်းမြန်တယ် ဒါကြောင့်ပဲ လူတွေတွင်တွင်ကျယ်ကျယ်သုံးနေကြတာပါပဲ။
အားနည်းချက်က ဒီမှာလာပြီ လွယ်လွယ်ကူကူသယ်သွားလို့ရအောင်ပဲ ထုပ်ထားတဲ့ ဒီဇိုင်းက သေးသေးလေးဆိုတော့ အလွယ်တကူပျောက်ရှလွယ်တာပါပဲ။
ကျွန်တော်တို့ memory stick တွေထဲမှာ ဘာတွေသိမ်းဖြစ်ကြလည်း အရေးကြီးတဲ့သတင်းအချက်လက်တွေသိမ်းမယ် ၊လုပ်ငန်းနဲ့ပက်သက်တဲ့ Documents တွေသိမ်းမယ် ပြီးတော့ တစ်ခြားကိုယ်ရေးကိုယ်တာအချက်လက်တွေ သိမ်းမယ် ဒါဆိုရင် အဲဒီ memory stick ပျောက်ဆုံးခဲ့ရင် ဝယ်ယူထားခဲ့တဲ့ တန်ဘိုးနည်းပေမယ့် သိမ်းဆည်းထားတဲ့ Data တွေရဲ့တန်းဘိုး အဲဒီအချက်လက်တွေ မသမာသူတွေဆီရောက်သွားရင် စသည်..စသည်ဖြင့် အများကြီးပေါ့ဗျာ။
ဒီတော့ ကျွန်တော်တို့ရဲ့ memory stick တွေကို password ပေးထားသင့်ပါတယ် (စကားတောင်နည်းနည်းရှည်သွားပြီ)။

USB Secure v1.5.0 Software + Serial Key


size ကတော့ 1.24 MB ပဲရှိတယ်ဗျာ...
http://ifile.it/avozlbi/crooner.locker

်file ကို Rename ပြန်လုပ်ပေးမှဖွင့်လို့ရပါ့မယ် .rar. လို့ပြောင်းလိုက်ဗျာ ဘယ်မှာတင်တင် copy right နဲ့မလွတ်ပဲဖြစ်နေလို့
install လုပ်တာရှင်းပြပါ့မယ်....
ဒေါင်းပြီးတာနဲ့ ပထမဆုံး Internet connection ကိုပိတ်ထားရပါ့မယ်။
ဒေါင်းထားတဲ့ USB secure ကို Double click လိုက်ပါ အောက်ကပုံကိုကြည့်ပါ
drive ရွေးခိုင်းတဲ့နေရာရောက်ရင်တော့ ကိုယ့်ရဲ့ drive name ဖြစ်တဲ့ E,F,G ထဲက password ပေးချင်တဲ့(memory stick) drive ထဲမှာပဲ install လုပ်ရမှာပါ။


Install လုပ်ပြီးရင် my computer ကနေ stick ကိုပြန်ပြီးဖွင့်ကြည့်လိုက်ပါ USB secure ရဲ့ icon လေးကိုတွေ့ပါလိမ့်မယ် ။
stick ကိုကွန်ပျုတာကနေ ပြန်ဖြုတ်လိုက်ပါ ပြီးရင်ပြန်တက်ပါ Auto play တက်လာတာနဲ့ အပေါ်ဆုံးမှာ password protect this USB Drive ကိုတွေ့ရရင် click ====> Ok ပြီးရင် အောက်မှာကြည့်ပါ..


ပြီးရင်တော့ password ထည့် .....။
register ကိုကလစ်ပြီး serial ကိုထည့်လိုက်ပေါ့ဗျာ......
အဆင်ပြေပါစေ.......
မရရင်တော့ ထုံးစံအတိုင်းပေါ့ crooner86@gmail.com ပါ...............။

No comments:

Post a Comment